Main menu

နေ့ချင်းနှပ် အလှူ့လက်ဖက်

Powered by Drupal

          မြန်မာ့ရိုးရာ အစားအစာဖြစ်သည့်လက်ဖက်ကို မြန်မာလူမျိုးများ နှစ်သက်စွာစားသုံးကြပြီး အလှူမင်္ဂလာနှင့် ပွဲလမ်းသဘင်များတွင် မပါမဖြစ် ဖြစ်သည့်အပြင် တောင်ပေါ်လက်ဖက် နတ်သစ်ရွက်ထွက်ရှိရာ ဓနုဒေသတွင်လည်း တပေါင်း၊ တန်ခူးလ ရဟန်းခံ၊ ရှင်ပြု၊ နားသ အလှူဒါန်း ရာသီအချိန်တွင် လက်ဖက်စိုအညွှန့်ကို အညာဒေသမှ ထွက်ရှိသော ပဲကြော်စုံတို့နှင့် အချိုပွဲအဖြစ် ရိုးရာမပျက် တည်ခင်းဧည့်ခံကြပါသည်။ ဓနုဒေသအလှူ့လက်ဖက်၏ ထူးခြားချက်မှာ နေ့ချင်းနှပ် ပြုလုပ်ခြင်းဖြစ်ပါသည်။ နေ့ချင်းနှပ်လက်ဖက်ကို ပြုလုပ်ရာတွင် သဘာဝလက်ဖက်အညွှန့် (အခါး)ကို အခါးမကြိုုက်သူများက ရေနွေးဖြင့်ဆေး၍ အခါးနှစ်သက်သူများက ရေအေးဖြင့်ဆေး၍ ပထမဦးစွာ ရေစင်အောင်ညှစ်ရပါမည်။ ထို့နောက် ဆားဖြင့်နယ်၍ အချဉ်အစပ်အတွက် သံပုရာသီး၊ ငရုတ်သီးတို့ကို အရသာအစပ်အဟပ်တည့်အောင် ထည့်၍ ဆီဖြင့် နှပ်ထားရပါသည်။ လတ်လတ်ဆတ်ဆတ် နှပ်ထားသည့် လက်ဖက်ကို ယွန်းအစ်ထဲတွင် နှစ်ပြန်ကြော်၊ ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်းတို့ဖြင့်  အလှဆင်လျက် အနံ့အရသာနှင့်ပြည့်စုံသော အလှူ့လက်ဖက်ဖြင့် ဧည့်ခံကြကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)