
စားသုံးသူရေးရာဦးစီးဌာ၊ မြင်းခြံခရိုင်ဦးစီးမှူးရုံးအနေဖြင့် မြင်းခြံခရိုင်အတွင်းရှိ ကုန်စည် ထုတ်လုပ်သော လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြ ခြင်းနှင့်ပတ်သက်၍ စိစစ်ကူညီဆောင်ရွက်ပေးလျက်ရှိရာ (၂၄.၃.၂၀၂၅)ရက်နေ့တွင် မြင်းခြံမြို့ရှိ ဖြိုးလင်း လ္ဘက်နှင့်ပဲကြော်လုပ်ငန်းမှ ခရိုင်ဦးစီးမှူးရုံးသို့လာရောက်၍ ကုန်စည်နှင့်ပတ်သက်သော ဖော်ပြပါဝင်ရမည့် အချက်အလက်များအား စိစစ်ပေးနိုင်ရေးတာဝန်ရှိသူများနှင့်လာရောက် တွေ့ဆုံ ခဲ့ပါသည်။
တွေ့ဆုံမှုတွင် စားသုံး/ထုတ်လုံဌာနခွဲတာဝန်ခံ ဦးစိုးမိုးထွန်း(ဦးစီးမှူး)က လုပ်ငန်းရှင်များ အား မိမိတို့ထုတ်လုပ်သောကုန်စည်များသည် စားသုံးသူများအတွက် လုံခြုံစိတ်ချရမှုရှိသော ၊ ဘေး အန္တရာယ်ကင်းရှင်းမှုရှိသော ကုန်စည်များဖြစ်ရန်လိုအပ်ပါကြောင်း၊ သက်ဆိုင်ရာဌာနများမှ သတ်မှတ် ပြဌာန်းချက်များနှင့်အညီ လုပ်ကိုင်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ မိမိကိုယ်ကျိုးတစ်ခု တည်း မကြည့်ဘဲ စားသုံးသူအားစိတ်စေတနာအပြည့်အဝထားရှိရန်နှင့် ထုတ်လုပ်သူလုပ်ငန်းရှင်များ အနေ ဖြင့် စံချိန်စံညွှန်းပြည့်မီသည့် ထုတ်ကုန်များအားထုတ်လုပ်စေခြင်းဖြင့် ဈေးကွက်ယှဉ်ပြိုင်မှု စွမ်းအား မြင့်မားပြီး ဈေးကွက်အခွင့်အလမ်းများတိုးမြှင့်ရရှိရေးကို မျှော်မှန်းဆောင်ရွက်သွားရ မည်ဖြစ်ပါကြောင်းနှင့် စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းများကိုရှင်းလင်း၍ ထုတ်လုပ်သောကုန်စည် အမျိုးအစားအလိုက် ထည့်သွင်းဖော်ပြရ မည့်အချက် များအား မှတ်သားသိရှိစေ၍ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
DOCA(မန္တလေး)