ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ညောင်တုန်းမြို့နယ်မှ ဒုဦးစီးမှူး ဒေါ်ချိုမီဇင်နှင့် ဝန်ထမ်းများသည် ညောင်တုန်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၌ (၁၅.၆.၂၀၂၂)နေ့တွင် ကျင်းပပြုလုပ်သော စိုက်ပျိုးရေးသီးနှံ တိုးတက်ထုတ်လုပ်မြင့်မားရေးအတွက် တောင်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ပါသည်။
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာန ဒုဦးစီးမှူး ဒေါ်ချိုမီဇင်က မိမိတို့ ဝန်ကြီးဌာနမှ စားအုန်းဆီ ပြည်တွင်းသို့တင်သွင်းနေမှုနှင့် တောင်သူများ စိုက်ပျိုးရာမှ ထွက်ရှိလာမည့် ပြည်တွင်းစားဆီများ ထွက်ပေါ်လာချိန်တွင် ဖြစ်ပေါ်လာမည့် ဈေးကွက်အခြေအနေများကို ဆွေးနွေးပြောကြားပြီး တက်ရောက်လာသူတောင်သူများက သိရှိလိုသည်များကို မေးမြန်းရာ ပြန်လည် ဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)