
၂၀၂၅ခုနှစ် မတ်လ ၂၂ ရက်နေ့ နံနက် (၈:၀၀)နာရီ အချိန်တွင် ကော့သောင်းခရိုင်စားအုန်းဆီ လက်ကား ကိုယ်စားလှယ်၊ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ မြို့နယ်စည်/ပင်တို့ ပါဝင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့သည် ကော့သောင်းမြို့ အထိုင်စနစ်ဖြင့် ရောင်းချနေသော စားအုန်းဆီအရောင်းဆိုင်များတို့အား သတ်မှတ်ထုတ်ပြန်ထားသည့် စည်းကမ်း ချက်များနှင့်အညီ လိုက်နာဆောင်ရွက်ခြင်း၊ စားအုန်းဆီအပေါ် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း ရှိ/မရှိ စသည်တို့ကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။
DOCA(တနင်္သာရီ)