Main menu

ပဲခူးမြို့ပေါ်ရှိ ဆေးဆိုင်များသို့ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းနှင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှု ရှိ မရှိ ကွင်းဆင်းစစ်ဆေး

Powered by Drupal

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်း ဒေသ ကြီး ဦးစီးမှူးရုံးမှ စားသုံးသူရေးရာဌာနခွဲတာဝန်ခံ ဦးစိုးမိုး၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံ ဦးကျော်ဆန်းဝင်း၊ ပဲခူးမြို့နယ်တာဝန်ခံ ဦးစိုးဝင်းနှင့် အဖွဲ့သည်  (၂၆.၃.၂၀၂၅) ရက်နေ့၊ နေ့လယ် (၁၄:၃၀) အချိန်တွင် ပဲခူးမြို့ပေါ်ရှိ ဆေးဆိုင်များသို့သွားရောက်၍ ဆေးဝါးပြတ်လပ်မှု ရှိ / မရှိ ၊ တိုင်းရင်းဆေးများ ပေါ်တွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှုရှိ/မရှိနှင့် ဈေးနှုန်းအခြေအနေများအား ကွင်းဆင်းစစ်ဆေး ခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

ထို့သို့ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်တာဝန်ခံမှ ပဲခူးမြို့ပေါ်ရှိ ဆေးဆိုင်များတွင် ရောင်း ချနေသော တိုင်းရင်းဆေးများကို စစ်ဆေးခဲ့ရာ စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ နှင့် အညီ ကုန်အညွှန်းအမှတ်အသားများကို  မြန်မာဘာသာဖြင့်ပြည့်စုံစွာ ဖော်ပြထားသည်ကို တွေ့ရှိရကြောင်း၊  မိမိတို့ လိုအပ်သော ဆေးဝါးများကို အခက်အခဲမရှိ ဝယ်ယူရရှိနေကြောင်း၊ ဈေးနှုန်းမြှင့်တင်ရောင်းချ ခြင်းမရှိ ကြောင်း တွေ့ရှိရပြီး ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားရှိခြင်းကို တွေ့ရှိပါက အရေးကြီး ကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေအရ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဆေး ပစ္စည်းရောင်းချသော ဆိုင်ပိုင်ရှင်များအား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)