Main menu

ဘားအံမြို့၊ အ.မ.က (၁)မူလွန်ကျောင်းတွင် စားသုံးသူကာကွယ်ရေးနှင့် ကျောင်းကျန်းမာရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ

Powered by Drupal

        စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးမျိုးဝင်းနိုင်နှင့် ဝန်ထမ်းများသည် ၂၀-၆-၂၀၂၂  ရက် (တနင်္လာနေ့) ၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် ကရင်ပြည်နယ် ဘားအံမြို့ရှိ အ.မ.က (၁)မူလွန်ကျောင်းတွင် မြို့နယ်ကျောင်းကျန်းမာရေးကော်မတီအဖွဲ့ဝင်များနှင့် ပူးပေါင်း၍ အသိပညာပေး ဟောပြောပွဲကျင်းပခဲ့ကြောင်း သိရှိရပါသည်။

          အဆိုပါဟောပြောပွဲတွင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မေသူနွယ်က ဆိုးဆေးနှင့်ပတ်သက်၍ တားမြစ်ဆိုးဆေးနှင့် သုံးစွဲရန်မသင့်သည့် အစားအသောက်များအကြောင်းကိုလည်းကောင်း၊  မြို့နယ်တိုင်းရင်းဆေးကုဌာနမှ တိုင်းရင်းဆေးမှူး ဒေါ်ဌေးဌေးနွယ် က မိုးရာသီအချိန်အခါတွင် သွေးလွန်တုပ်ကွေးရောဂါအကြောင်းနှင့် ပတ်သက်၍လည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမျိုးဝင်းနိုင်က စားသုံးသူအခွင့်အရေးများနှင့် ကုန်အညွှန်း အမှတ်အသားအကြောင်းကိုလည်းကောင်း အသီးသီးရှင်းလင်းပြောကြားခဲ့၍ ကျောင်းအုပ်ဆရာမကြီး (၁)ဦး၊ ဆရာ/ဆရာမ (၆)ဦးနှင့် ကျောင်းသား၊ကျောင်းသူ စုစုပေါင်း ဦးရေ (၁၆၃)ဦး တက်ရောက်ပြီး  ဥပဒေစာအုပ်နှင့် လက်ကမ်းစာစောင်များလည်း ဖြန့်ဝေခဲ့ကြသည်။ ထို့နောက် စားသုံးသူရေးရာ ဦးစီးဌာန၊ မြို့နယ်ကျောင်းကျန်းမာရေးကော်မတီအဖွဲ့ဝင်များနှင့် ပူးပေါင်း၍ ကျောင်းဝန်းအတွင်းရှိ ကျောင်းမုန့်ဈေးတန်းတွင် အစားအသောက်များ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ထုတ်ကုန်များ လုံခြုံစိတ်ချမူရှိစေတို့ကို စစ်ဆေးခဲ့ကြသည်။

          စားသုံးသူရေးရာဦးစီးဌာနအပါအဝင် ကျောင်းကျန်းမာရေးကော်မတီအဖွဲ့ဝင်သည် ၂၀၂၂-၂၀၂၃ ကျောင်းဖွင့်ရာသီကာလအတွင်း ဘားအံမြို့ပေါ်ရှိ ကျောင်းများကို စားသုံးသူကာကွယ်ရေးနှင့် ကျောင်းကျန်းမာရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းများ၊ စစ်ဆေးခြင်းများ ဆောင်ရွက်နိုင်ရေးအတွက် ရက်အလိုက် လျာထားချက်များ ချမှတ်စီစဉ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

DOCA (ကရင်)