Main menu

မှော်ဘီမြို့နယ်အတွင်းရှိ လက်လီကိုယ်စားလှယ် နိုင်စိမ့်စိမ့်ဖြိုး၏ဆိုင်သို့ ကွင်းဆင်းစစ်ဆေး

Powered by Drupal

(၂၅.၃.၂၀၂၅)ရက်နေ့ နံနက်(၉:၀၀)အချိန်မှစ၍ စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင် ဦးစီးမှူးရုံးမှ ဒုခရိုင်ဦးစီးမှူး ဦးမျိုးအေးပါ(၃)ဦး၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန(၁)ဦးနှင့် ဈေး တာဝန်ခံများပူးပေါင်းပါဝင်လျက် မှော်ဘီမြို့နယ်၊ မြို့မဈေးရှိ စားအုန်းဆီလက်လီ အရောင်းဆိုင်များ သို့  ကွင်းဆင်းစစ်ဆေးခြင်းများ လုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။

ထိုသို့ ဆောင်ရွက်ခဲ့ရာတွင် လက်လီအရောင်းကိုယ်စားလှယ်များဖြစ်သော ရုံအမှတ်(B-2) အခန်း(၁၃)မှ (၂၀)ရှိ နိုင်စိမ့်စိမ့်ဖြိုးဆိုင်သို့ ကွင်းဆင်းစစ်ဆေးခဲ့ရာ မိမိတို့ရရှိသောခွဲတမ်းများကို စားသုံးသူပြည်သူလက်ဝယ်သို့ အမှန်တကယ်ရောက်ရှိအောင် စာအုပ်စနစ်ဖြင့် ပေးပါကြောင်း၊ နေ့စဉ် ရပ်ကွက်အပိုင်းလိုက် ခွဲထားပါကြောင်း၊ ပုံမှန်အားဖြင့် နေ့စဉ်နံနက် (၉:၃၀)နာရီမှ ညနေ(၅:၀၀)နာရီ ထိ ရောင်းချပေးပါကြောင်း၊ ထုတ်ရန်ကျန်ရှိသော စာအုပ်များကို နောက်တစ်နေ့နံနက်တွင် ပြန်လည် ထုတ်ပေးပါကြောင်း၊ ရောင်းချမှုလက်ခံဘောင်ချာများလည်း ထားရှိပါကြောင်း စစ်ဆေးတွေ့ရှိရပြီး မိမိတို့ဌာနမှလည်း အခြားမသမာသော နည်းလမ်းများသုံး၍ ရောင်းချခြင်း/ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းများရှိပါက အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)