Main menu

စားအုန်းဆီလက်လီအရောင်းဆိုင်အား သတ်မှတ်စည်းကမ်းချက်များကို လိုက်နာဆောင်ရွက်ခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေး

Powered by Drupal

စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒုခရိုင်ဦးစီးမှူး ဦးမျိုးအေးနှင့် ဝန်ထမ်းများသည် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ စုံစမ်းရေးမှူး ဦးအောင်စိုးမိုးတို့နှင့်အတူ မှော်ဘီမြို့နယ်အတွင်းရှိ စားအုန်းဆီလက်လီအရောင်းဆိုင်သို့ (၂၅.၃.၂၀၂၅)ရက်နေ့ နံနက် (၉:၂၅)နာရီအချိန်တွင် ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

ထိုသို့ စားအုန်းဆီရောင်းချသော လက်လီကိုယ်စားလှယ် ဒေါ်ပိုင်ဆိုင်သို့ ကွင်းဆင်းစစ်ဆေး ရာတွင် မိမိတို့ရရှိသော ခွဲတမ်းများကို စာအုပ်စနစ်ဖြင့် အိမ်ထောင်စုတစ်ခုလျှင် (၅၀)ဆယ်သားဖြင့် အိမ်ထောင်စုတစ်စုလျှင် တစ်လကို(၂.၅)ပိဿာရရှိကြပြီး မိမိတို့ရပ်ကွက်အလိုက် စနစ်တကျ ရောင်းချပေးပါကြောင်း၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမရှိဘဲ သတ်မှတ်ဈေးနှုန်း အတိုင်းရောင်းချပေး ပါကြောင်း လက်ကျန်ထားရှိခြင်းလည်း မရှိပါကြောင်း ကွင်းဆင်းစစ်ဆေးချက်အရ သိရှိရပါသည်။

DOCA(ရန်ကုန်)