Main menu

မှော်ဘီမြို့နယ်အတွင်းရှိ စားအုန်းလက်လီဆီဆိုင်သို့ ကွင်းဆင်းစစ်ဆေး

Powered by Drupal

၂၅.၃.၂၀၂၅ ရက်နေ့ နံနက်(၉:၅၀)အချိန်တွင် မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ  ဒုခရိုင်ဦးစီးမှူး ဦးမျိုးအေးပါ(၃)ဦး၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ (၁)ဦးနှင့် ဆီလုပ်ငန်းရှင်များအသင်းမှ (၂)ဦး တို့ပူးပေါင်းပါဝင်လျက် မှော်ဘီမြို့နယ်ရှိ စားအုန်းဆီလက်လီဆိုင်သို့ ကွင်းဆင်းစစ်ဆေးခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

ထိုသို့ဆောင်ရွက်ခဲ့ရာတွင် လက်လီအရောင်းဆိုင်ဖြစ်သော ဘီ(၂) အခန်း(၂၉/၃၂) ရှမ်းမြန်မာ လက်လီဆိုင်သို့ ကွင်းဆင်းစစ်ဆေးခဲ့ရာ မိမိတို့ရရှိသော ခွဲတမ်းများအား စာအုပ်စနစ်ဖြင့် ရပ်ကွက် အလိုက် အိမ်ထောင်စုတစ်စုလျှင် (၅၀)ကျပ်သားနှုန်းဖြင့် (၁)လလျှင် (၄)ကြိမ် (၂)ပိဿာနှုန်းဖြင့် ဖြန့်ဖြူးရောင်းချပေးပါကြောင်း၊ သတ်မှတ်ဈေးနှုန်းများအတိုင်း ရောင်းချပေးပြီး တစ်နေ့စာတစ်နေ့ ကုန်အောင်ရောင်းပေးပါကြောင်း၊ လက်ကျန်လည်းမထားရှိပါကြောင်း၊ ရက်ကျော်လွန်လျှင်လည်း ပြန်လည်ရောင်းချပေးပါကြောင်း မိမိတို့ဌာနမှလည်း သိုလှောင်ထားခြင်းရှိပါက အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း အသိပညာပေးဆွေးနွေးခဲ့ပါသည်။

DOCA(ရန်ကုန်)