Main menu

“ သုံးခွမြို့နယ်အတွင်းမုန့်လုပ်ငန်းအားကွင်းဆင်းစစ်ဆေးအသိပညာပေးခြင်း”

Powered by Drupal

သုံးခွမြို့နယ် ၊ မတ်  (၂၆) ရက်

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်အတွင်းရှိ စားသောက်ကုန် (ကိတ်မုန့်နှင့်မုန့် မျိုးစုံ) လုပ်ငန်းသို့ စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရန် ကုန်အညွှန်းအမှတ်အသား ဖော်ပြ ခြင်းများနှင့် စပ်လျဉ်း၍ ဈေးကွက်မရောက်မီ စောင့်ကြည့်စစ်ဆေးခြင်းအား မတ်လ (၂၅)ရက်နေ့၊နေ့လည် (၁၁:၃၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ကွင်း ဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် စည်ပင်သာယာရေးအဖွဲ့တို့သည် အမှတ်(၄)၊ သုခလမ်း၊ (၁)ရပ်ကွက်ရှိ ရွှေရုပ်မွေးနေ့ ကိတ်နှင့်မုန့်မျိုးစုံ လုပ်ငန်းသို့ သွားရောက်၍ မုန့်လုပ်ငန်းပိုင်ရှင်နှင့် ဝန်ထမ်းများအား တွေ့ဆုံကာ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ စားသုံးသူပြည်သူများ ဘေးအန္တရာယ်မဖြစ်စေရေး၊ ဈေးကွက်မရောက်မီ စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ရကြောင်း၊ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားခြင်း မရှိသည့် စားသောက်ကုန်များအား ရောင်းချခြင်း မပြုလုပ်ကြရန်၊ ထိုသို့ပြုလုပ်ပါက စားသုံးသူကာကွယ်ရေး ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရေး၊ ဈေးကွက် မရောက်မီ ထုတ်ကုန်များအား ကုန်အညွှန်းအမှတ်အသားတွင် ဖော်ပြရမည့် အချက်များ ပြည့်စုံစွာ မဖြစ်မနေ ဖော်ပြပေးရန် လိုအပ်ကြောင်း အသိပညာပေး ကွင်းဆင်း၍ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရသည်။

DOCA(ရန်ကုန်)