Main menu

စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့အတွက် သဘာဝပတ်ဝန်းကျင်ပြသနာများ ဖြေရှင်းရန်လိုအပ်

Powered by Drupal

     ၂၀၂၅ နှင့် ၂၀၃၀ ကြားတွင် ကမ္ဘာ့ အပူချိန်မြင့်မားမှုသည် စိုက်ပျိုးရေးထွက်ရှိမှု လျှော့ချစေခြင်း၊ စည်ပင်သာယာရေးဆိုင်ရာ ကုန်ကျစရိတ်များ တိုးလာခြင်းနှင့် အလုပ်သမားထုတ်လုပ်နိုင်မှု နည်းပါး စေခြင်းများကို ဖြစ်စေမည် ဟု OECD နှင့် UNDP တို့မှ ခန့်မှန်းထားပါတယ်။ သို့သော် မိုးလေဝသအန္တရာယ်များနှင့် ဥတုရာသီ ပြောင်းလဲမှုများကို ဖြေရှင်းရန် ခိုင်မာသော သက်တမ်းရှည် ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ခြင်း၊ သန့်ရှင်းသော စွမ်းအင်များကို အသုံးပြုခြင်းနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး နည်းပညာများကို မြှင့်တင်ခြင်းဖြင့် ကမ္ဘာကြီးပူနွေးလာမှုအား ဖြေရှင်းဆောင်ရွက်ထားမှသာ ကမ္ဘာ့စီးပွားရေးကို တိုးတက်စေနိုင်ကြောင်း သုတေသနများတွင်လည်း ဖော်ပြထားပါတယ်။ UNDP ၏ ခန့်မှန်းချက်အရ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများသည် ၂၀၃၀ အထိ ကမ္ဘာ့ GDP ကို နှစ်စဉ် ၂.၈% အထိ မြှင့်တင် နိုင်ပြီး၊ အထူးသဖြင့် အာရှနှင့် ဥရောပဒေသများတွင် စီးပွားရေးအခွင့် အလမ်းများ ဖန်တီးပေးနိုင်သည်ဟု OECD နှင့် UNDP တို့၏ သုတေသနဖော်ပြချက်များအရ ရေးသားတင်ပြလိုက်ရပါတယ်။

DOCA(ဧရာဝတီ)