
စင်္ကာပူဝန်ကြီးချုပ် Lawrence Wong သည် ၂၀၂၅ ခုနှစ် မတ်လ ၁၅ ရက်နေ့တွင် ဗီယက်နမ်သို့ နှစ်နိုင်ငံချစ်ကြည်ရေးခရီးစဉ်သွားရောက်ခဲ့ပါသည်။ ယင်းခရီးစဉ်သည် နှစ်နိုင်ငံအကြား စီးပွားရေး၊ နည်းပညာနှင့် ပညာရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုတိုးမြှင့်ရန် ရည်ရွယ်ကြောင်း သိရှိရပါတယ်။ ခရီးစဉ်အတွင်း ရင်းနှီးမြှုပ်နှံမှု သဘောတူညီမှုများ ချုပ်ဆိုခြင်း၊ ကုန်သွယ်ရေး ဆွေးနွေးမှုများ ပြုလုပ်ခြင်း နှင့် နည်းပညာပူးပေါင်းမှုများ တိုးမြှင့်ခြင်း စသည့် အချက်များ ပါဝင်ခဲ့ပါတယ်။ စင်္ကာပူသည် ဗီယက်နမ်အတွက် အဓိက ရင်းနှီးမြှုပ်နှံသူနိုင်ငံတစ်ခုဖြစ်ပြီး၊ ယင်းခရီးစဉ်သည် နည်းပညာဖွံ့ဖြိုးမှု၊ အနာဂတ်မြို့ပြဖန်တီးမှု (Smart Cities) နှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းမှု ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများကို ပိုမို ခိုင်မာစေတော့မည် ဖြစ်ပါ တယ်။ Lawrence Wong ၏ ခရီးစဉ်သည် နှစ်နိုင်ငံဆက်ဆံရေးကို ပိုမို တိုးတက်စေပြီး၊ စီးပွား ရေးဖွံ့ဖြိုးမှုနှင့် နည်းပညာတိုးတက်မှုအတွက် အသစ်အဆန်း အခွင့်အလမ်းများ ဖန်တီးပေးပါကြောင်း ရေးသား တင်ပြ လိုက်ပါတယ်။
DOCA(ဧရာဝတီ)