Main menu

နှစ်(၈၀)ပြည့်တပ်မတော်နေ့အထိမ်းအမှတ် ပုသိမ်တွင် လမ်းဖွင့်ပွဲဆောင်ရွက်

Powered by Drupal

   လမ်းပန်းဆက်သွယ်ရေးများ ကောင်းမွန်မှုသည် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့၏ စီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးကြီးသော အဆင့်တစ်ခုတွင် ရှိနေသည့်အတွက် နှစ်(၈၀)ပြည့်တပ်မတော်နေ့အား ဂုဏ်ပြုသောအားဖြင့် ၂၇.၃.၂၀၂၅ ရက် ၊ ဗုဒ္ဓဟူးနေ့ တွင် ပုသိမ်မြို့ရှိ ကုန်သည်လမ်း နာရီစင်မှ အောင်ရတနာလမ်း( AC) လမ်းသစ် ဖွင့်ပွဲ အခမ်းအနားအား ဆောင်ရွက် ခဲ့ပါတယ်။ အဆိုပါ လမ်းသစ်ဖွင့်ပွဲ အခမ်းအနားကို သက်ဆိုင်ရာဌာနများ နှင့်နည်းတူ စားသုံးသူ ရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဝန်ထမ်းများကလည်း တက်ရောက် အားပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)