ဧရာဝတီတိုင်းဒေသကြီးအတွင်းမှ စိုက်ပျိုးထွက်ရှိလာသော မတ်ပဲများအား ရောင်းချရာတွင် ခဲများဖြင့်ရောနှော၍ ပဲတူခဲတူ ရောင်းချမှုမရှိစေရေးအတွက် ကြိုတင်ညှိနှိုင်းဆောင်ရွက်သည့် အစည်းအဝေးအား ၂၆.၃.၂၀၂၅ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၏ အစည်းဝေးခန်းမတွင် ကျင်းပဆောင်ရွက်ခဲ့ပါတယ်။ အဆိုပါ အစည်းအဝေးကို စီးပွားရေးရာဝန်ကြီးမှဦးဆောင်၍ စားသုံးသူရေးရာဦးစီးဌာနအပါအဝင် သက်ဆိုင်ရာဌာနများ၊ ပဲနှမ်းအသင်းဥက္ကဌနှင့် အဖွဲ့ဝင်များ မတ်ပဲတောင်သူများ၊ ပွဲရုံပိုင်ရှင်များနှင့် ပဲရောင်းဝယ်ရေးလုပ်ငန်းရှင်များက တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)