Main menu

ဧရာဝတီတိုင်းအတွင်း၌ ရောင်းချနေသောရွှေလုပ်ငန်းများအား ဥပဒေနှင့်အညီ ထိန်းကျောင်းနိုင်ရေး နှင့် ရွှေလုပ်ငန်းရှင်များအသင်းဖွဲ့စည်းနိုင်ရေးအတွက် အကြိုညှိနှိုင်း အစည်းဝေးဆောင်ရွက်

Powered by Drupal

    ဧရာဝတီတိုင်းဒေသကြီးအတွင်း၌ ရောင်းချနေသော ရွှေ(ဓါတ်သတ္ထု) လုပ်ငန်းများသည် သတ်မှတ်ရည်ညွှန်းဈေးများအတိုင်းရောင်းချခြင်း၊ သက်ဆိုင်ရာအခွန်များထမ်းဆောင်စေခြင်း အပါအဝင်ဥပဒေနှင့် ထိန်းကျောင်းကြီးကြပ်မှုများ ဆောင်ရွက်စေနိုင်ရန်အတွက်သော်လည်းကောင်း၊ ရွှေလုပ်ငန်းရှင်များအား ကြီးကြပ်ကွပ်ကဲနိုင်ရန်အတွက် ဧရာဝတီတိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း ဖွဲ့စည်းနိုင်ရေးအတွက်  ကြိုတင်ညှိနှိုင်းဆောင်ရွက်သည့် အစည်းအဝေးအား ၂၆.၃.၂၀၂၅ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၏ အစည်းဝေးခန်းမတွင် ကျင်းပဆောင်ရွက်ခဲ့ပါတယ်။ အဆိုပါ အစည်းအဝေးကို စီးပွားရေးရာဝန်ကြီးမှဦးဆောင်၍ စားသုံးသူရေးရာဦးစီးဌာနအပါအဝင် သက်ဆိုင်ရာဌာနများနှင့် ရွှေလုပ်ငန်းရှင်များက တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)