
နိုင်ဂျီးရီးယားနိုင်ငံသည် ငွေကြေးဖောင်းပွမှု ၁၅% နှင့် အလုပ်လက်မဲ့နှုန်း ၃၃% ဖြစ်နေ သောကြောင့် စီးပွားရေးတွင် အခက်အခဲများရှိနေသော်လည်း ၂၀၂၅ ခုနှစ်တွင် နိုင်ဂျီးရီးယားနိုင်ငံသည် အဓိကအားဖြင့် ရေနံနှင့် သဘာဝဓာတ်ငွေ့ ထုတ်လုပ်မှုကဏ္ဍများကြောင့် နိုင်ငံ့စီးပွားရေးသည် ၁.၂% တိုးတက်လာခဲ့ပါတယ်။ နိုင်ဂျီးရီးယားက တစ်နေ့လျှင် ၁.၅ မီလီယံ ဘားရယ် ရေနံထုတ်လုပ်၍ အာရှနှင့် ဥရောပဘက်သို့ ရေနံတင်ပို့မှုများ ဆောင်ရွက်ခဲ့သောကြောင့် ရေနံတင်ပို့မှု ၃% တိုးတက်လာသကဲ့သို့ပင် ဓာတ်ငွေ့ ထုတ်လုပ်မှုမှာလည်း ၂% တိုးတက်ပြီး ဥရောပဈေးကွက် သို့ ဓါတ်ငွေ့တင်ပို့မှု ၃၀% တိုးတက်လာခဲ့တယ်လို့ အပြည်ပြည်ဆိုင်ရာ သတင်းတင်ဆက်မှုများအရ သိရှိရပါတယ်။ ထို့အပြင် နိုင်ဂျီးရီးယားနိုင်ငံသည် ငွေကြေးဖောင်းပွမှု ၁၅% နှင့် အလုပ်လက်မဲ့နှုန်း ၃၃% ဖြစ်နေသောကြောင့် စီးပွားရေးတွင် အခက်အခဲများရှိနေတုန်းပင် ဖြစ်ပါသည်။ ထို့အပြင် နိုင်ဂျီးရီးယားအစိုးရသည် စွမ်းအင်ထုတ်လုပ်မှု တိုးမြှင့်ရေး၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပိုမိုဆွဲဆောင်ရေးနှင့် လျှပ်စစ်ဓာတ်အား ပိုမိုထောက်ပံ့ရေးအစီအစဉ်များကိုလည်း ပြုလုပ်နေတယ်လို့လည်း သိရှိရသဖြင့် ၂၀၂၆-၂၀၂၇ ခုနှစ်များတွင် နိုင်ဂျီးရီးယားနိုင်ငံ၏ စီးပွားရေးသည် ၂%-၂.၅% အထိ တိုးတက်နိုင်ကြောင်း သုံးသပ်သူများ ခန့်မှန်းထားကြပါတယ်။
DOCA(ဧရာဝတီ)