Main menu

“ သန်လျင်မြို့နယ်တွင်မြို့ရေပေးရေးလုပ်ငန်းဖွင့်ပွဲအခမ်းအနားကျင်းပ ”

Powered by Drupal

    ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်၊ အောင်ချမ်းသာရပ်ကွက်ရှိ နှစ်(၈၀)ပြည့် တပ်မတော်နေ့ကို ဂုဏ်ပြုသောအားဖြင့် မြို့ရေပေးရေးလုပ်ငန်း ဖွင့်ပွဲအခမ်းအနားကို မတ်လ(၂၇)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ကျင်းပခဲ့ကြောင်း သိရသည်။

     အဆိုပါ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အဖွဲ့ဝင်များ၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင့်နှင့်အဖွဲ့ဝင်များ၊ စီးပွား ရေးရာဝန်ကြီး ဦးမျိုးမြင့်အောင်နှင့် အဖွဲ့ဝင်များ၊ စည်ပင်သာယာရေးဝန်ကြီး (ရန်ကုန်မြို့တော် ဝန်) ဦးဗိုလ်ဌေးတို့ ပါဝင်သောအဖွဲ့သည် အခမ်းအနားသို့ တက်ရောက်ပြီး နှစ်(၈၀)ပြည့် တပ်မတော်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် စည်ပင်သာယာရေးဝန်ကြီး (ရန်ကုန်မြို့တော်ဝန်) ဦးဗိုလ်ဌေးမှ  အဖွင့်အမှာ စကားပြောကြားခဲ့ပြီး ရပ်ကွက်နေပြည်သူများ၏ ကိုယ်စား ပြည်သူတစ်ဦးမှ ယခုလို ရေရှိသည့်အတွက် ဝမ်းသာပီတိဖြစ်၍ ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့ သန်လျင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဝန်ထမ်း များ၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးစိုးတင့်နှင့် ဝန်ထမ်းများ၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးအောင်စိုးမိုးနှင့် ဝန်ထမ်းများ၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိနှင့် ဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့များ၊ မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ရပ်ကွက်နေပြည်သူများ စုစုပေါင်းအင်အား (၁၀၀)ခန့်ဖြင့် စည်ကားသိုက်မြိုက်စွာ ဖဲကြိုးဖြတ်ဖွင့်လှစ်၍ ကျင်းပခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)