
စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ၂၀၂၅ ခုနှစ်၊ မတ်လ(၂၈) ရက်နေ့၊ နေ့လယ်(၁၄:၀၀)နာရီအချိန်တွင် ကယားပြည်နယ်ဦးစီးမှူးရုံး၌ စားအုန်းဆီအရောင်းဆိုင်လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးမှု ဆောင်ရွက်ခဲ့ပါသည်။
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ခေတ္တပြည်နယ်ဦးစီးမှူးက မတ်လအတွင်း စားအုန်းဆီရောင်းလိုအား/ဝယ်လိုအား အခြေအနေများကိုလည်းကောင်း၊ ဧပြီလအတွင်း ပိတ်ရက်ကာလရှည်ကြာသည့်အတွက် စားအုန်းဆီများ အချိန်မီထုတ်ယူရန် လိုအပ်သည့် အခြေအနေများကိုလည်းကောင်း၊ ကယားပြည်နယ်စားအုန်းဆီခွဲတမ်း ပုံမှန်ထုတ်ယူသွားနိုင်ရေးအခြေအနေအားလည်းကောင်း၊ စားအုန်းဆီများ ပြည်သူများလက်ဝယ်အမှန်တကယ်ရောက်ရှိစေရန်နှင့် အရည်အသွေးမှန်၊ ဈေးနှုန်းမှန်၊ အချိန်အတွယ်ပြည့်မီစွာဖြင့် ရောင်းချသွားကြရန်နှင့် မလိုလားအပ်သောနေရာများသို့ ရောင်းဝယ်မှု မပြုမိစေရေးအခြေအနေများကိုလည်းကောင်း ဆွေးနွေးခဲ့ရာ လုပ်ငန်းရှင်များဘက်မှ ပြည်နယ်အတွင်း ပြည်သူများပြန်လည်ဝင်ရောက်လာသည့် အတွက် စားအုန်းဆီ ရောင်းလိုအား/ဝယ်လိုအား မြင့်တက်လာပါကြောင်း၊ ဧပြီလအတွက် စားအုန်းဆီ ခွဲတမ်းအချိန်မီ ထုတ်ယူသွားနိုင်ရေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ သတ်မှတ်ထားသော ဈေးနှုန်းဖြင့်သာ ရောင်းချပေးလျက်ရှိပါကြောင်းနှင့် မလိုလားအပ်သောသူများထံ မရောက်ရှိစေရေးသတိပြုရောင်းချလျက်ရှိပါကြောင်း ပြန်လည်ဆွေးနွေးခဲ့ကြပြီး တွေ့ဆုံဆွေးနွေးပွဲအား နေ့လယ် (၁၅:၀၀)နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါကြောင်း သိရှိရပါသည်။
DOCA(ကယား)