
အမျိုးသမီးအိမ်တွင်းမှုသက်မွေးသင်တန်းကျောင်းမှ ဖွင့်လှစ်သော အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ်(၉) ပြီးမြောက်ကြောင်းအခမ်းအနားကို ၂၀၂၅ခုနှစ်၊ မတ်လ(၂၈) ရက်နေ့၊ နံနက်(၀၈း၀၀) အချိန်တွင် သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပခဲ့ပြီး တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်အပါအဝင် ဌာနဆိုင်ရာများ(စားသုံးသူရေးရာဦးစီးဌာန)နှင့် ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
အဆိုပါသင်တန်းဆင်းပွဲတွင် တနင်္သာရီတိုင်းဒေသကြီး၊ ဝန်ကြီးချုပ်မှ ဒေသတွင်း အဆင့်မြင့် အပ်ချုပ်သင်တန်းများဆောင်ရွက်နိုင်ပြီး ကိုယ်ပိုင်စီးပွားရေးလုပ်ကိုင်နိုင်ဖို့နှင့် ကိုယ်ပိုင်ယဉ်ကျေးမှု ကိုယ်ပိုင်ဝတ်စားဆင်ယဉ်မှုများဖြင့် ထွန်းတောက်လာစေဖို့ပြောကြားခဲ့ပြီး ထူးချွန်ဆုရ သင်တန်းသူများကို ဆုချီးမြှင့်ခြင်းနှင့် သင်တန်းဆင်းလက်မှတ်ပေးအပ်ခြင်းဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။
DOCA(တနင်္သာရီ)