Main menu

အနောက်ပိုင်းခရိုင်အတွင်းရှိ ကမာရွတ်မြို့နယ် စိန်ဂေဟာသို့ ဆန်ရည်ညွှန်းဈေးနှင့်ပတ်သက်၍ ဆန်ဈေးနှုန်းကြီးမြင့်စွာ ရောင်းချမှုမရှိစေရေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခြင်း

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ အရာရှိနှင့် အမှုထမ်းများသည် ၃၀.၃.၂၀၂၅ ရက်နေ့၊ နံနက် (၁၄:၀၀)နာရီအချိန်တွင် အမှတ် (၃၉/၄၁)၊ လှည်းတန်းလမ်းရှိ စိန်ဂေဟာတွင် ရောင်းချနေသော ဆန်ဈေးနှုန်းများသည် မတ်လအတွင်း ဆန်စပါးအသင်းချုပ်မှ သတ်မှတ်ထားသော ရည်ညွှန်းဈေးနှင့်ပတ်သက်၍ မြေပြင်ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

     ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် စိန်ဂေဟာတွင်ရောင်းချလျက်ရှိသော ဆန်များသည် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သတ်မှတ်ထားသော ဆန်ရည်ညွှန်းဈေးများအတိုင်း ရောင်းချခြင်းရှိ/မရှိတို့ကိုစစ်ဆေးခဲ့ရာ သတ်မှတ်ရည်ညွှန်းဈေးများအတိုင်း ရောင်းချနေလျက်ရှိပြီး ဆန်ဈေးနှုန်းများကြီးမြင့်မှုမဖြစ်ပေါ်စေရေးအတွက် အသိပညာပေးကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)