
ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ် သီရိမင်္ဂလာဈေးအတွင်းသို့ အနယ်နယ်အရပ်ရပ်မှ နေ့စဉ် ကုန်းစိမ်း၊ သစ်သီး၊ ပန်းများဝင်ရောက်လျက်ရှိရာ အောင်ပန်း၊ တောင်ကြီး၊ ကလော၊ ဟဲဟိုး၊ အင်းလေး၊ မှော်ဘီ၊ တိုက်ကြိး၊ တွံတေး၊ ကျောင်းကုန်း၊ ရွှေညောင်၊ ညောင်နှစ်ပင်၊ ခရမ်း၊ သုံးခွ၊ ဝါးနက်ချောင်း၊ ဧရာဝတီတိုင်း၊ပဲခူးတိုင်း၊ မန္တလေးတိုင်းတို့မှ ကုန်စိမ်းကုန်ချိန် ပိဿာချိန်ပေါင်း (၅၈၄၀၀၀၀) ကား (၆၈၀) စီးဝင်ရောက်ကြောင်း၊ ပြင်ဦးလွင်၊ ကလော၊ မိုးကုတ်၊ တောင်ကြီး၊ အောင်ပန်း၊ ဘီးလင်း၊ တပ်ကုန်း၊ ရဲမွန်၊ ရေး၊ အင်းမ၊ မှော်ဘီ၊ တိုက်ကြိး၊ မန္တလေး ၊ သီပေါ၊ ကျိုက်ကော်၊ မော်လမြိုင်၊ ပုပ္ပါး၊ ကျောက်ဆည်၊ တောင်ငူ၊ တွံတေး၊ ထားဝယ်၊ ကြံခင်း၊ ခရမ်းတို့မှ သစ်သီးများ ကုန်ချိန်ပိဿာချိန်ပေါင်း (၆၁၁၉၅၀) ကား(၇၅) စီးဝင်ရောက်ပြီး ကလော၊ ဟဲဟိုး၊ ပြင်ဦးလွင်၊ တောင်ကြီး၊ ရွှေတောင်၊ ငွေတောင်၊ လှည်းကူး၊ ကျွန်းကလေး၊ ဇီးဖြူကုန်း၊ တွံတေး၊ ကော့မှူး၊ ညောင်တုန်း ၊ နေပြည်တော်တို့မှ ပန်းများ ကုန်ချိန်ပိဿာချိန်ပေါင်း (၂၆၂၄၉၅) ကား(၃၁၀) စီးဝင်ရောက်ကြောင်းနှင့် ယခုလမတ်လနောက်ဆုံးပတ်တွင် ကုန်ချိန်ပိဿာချိန်များသည် ယခင်ရက်သက်တစ်ပတ်ထက် ယခုရက်သတ်တစ်ပတ်တွင် ကုန်ချိန်အများဆုံးဝင်ရောက်ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)