
၂၆.၃.၂၀၂၅ ရက်နေ့ နံနက်(၁၀:၀၀) အချိန်တွင် အနောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် လှိုင်မြို့နယ်၊ (၇) ရပ်ကွက်၊ ပဏ္ဍိတလမ်း၊ အမှတ်(၁၁-စီ)၊ ရှိ မေဆန်းမုန့်တိုက်သို့ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။
ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်စည်ပင်သာယာရေးမှ ဒုတိယအုပ်ချုပ်ရေးမှူး ဦးကျော်လင်း ပူးပေါင်းပါဝင်၍ အနောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဒေါ်ခိုင်သဉ္ဇာဦး (ဦးစီးမှူး) နှင့် ဝန်ထမ်း(၂)ဦးတို့ ပူးပေါင်းပါဝင်စစ်ဆေးခဲ့ကြပါသည်။
မေဆန်းမုန့်တိုက်မှ ထုတ်လုပ်သော စားသောက်ကုန်များတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါဝင်မှုရှိ/မရှိနှင့် ဈေးကွက်မရောက်မီ ၎င်းတို့၏ ကုန်စည်များတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားများအား ပြည့်စုံစွာဖော်ပြရန် လုပ်ငန်းရှင်အား အသိပညာပေးခဲ့ပြီး ၎င်းမုန့်တိုက်မှ စားသောက်ကုန်များတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါဝင်ကြောင်း တွေ့ရှိခဲ့ရကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)