
၂၈.၃.၂၀၂၅ရက်နေ့ ၊ မွန်းလွဲ ၁၂:၅၁:၀၂ စက္ကန့်အချိန်တွင် မန္တလေးမြေငလျင်စခန်းမှ အရှေ့မြောက်ဘက် (၂၁) ကီလိုမီတာကွာဝေးသော မန္တလေးမြို့၏အရှေ့မြောက်ဘက်ကို ဗဟိုပြု ၍ အင်အားရစ်ချ်တာစကေး (၇.၇) အဆင့်ရှိ အင်အားအလွန်ပြင်းထန်သော မြေငလျင်တစ်ခု လှုပ်ရှားသွားခဲ့ပါသည်။ ၃၁.၃.၂၀၂၅ ရက်နေ့တွင် ပြည်ထောင်စုဝန်ကြီးဦးထွန်းအုံသည် ၎င်းငလျင်ဒဏ်ကို ခံစားရသော မန္တလေးမြို့၊ ဝန်ကြီးဌာနအောက်ရှိ ဝန်ထမ်းများအား တွေ့ဆုံ၍ အားပေးစကားပြောကြားခဲ့ပါသည်။ထိုသို့ တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးက သဘာဝ ဘေးအန္တရာယ်သည် တားဆီး၍မရနိုင်သောကြောင့် ထိန့်လန့်မှုများမဖြစ်ဘဲ အားတင်းရင်ဆိုင် ဖြေရှင်းသွားရမည်ဖြစ်ကြောင်း၊ လတ်တလောလိုအပ်ချက်ဖြစ်သည့် ဆန်၊ ဆီ၊ သောက်သုံးရေ ရရှိရေး ၊ နေရာထိုင်ခင်းအဆင်ပြေမှုရှိစေရေး တတ်နို်ငသမျှ စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ထို့နောက် မန္တလေးတိုင်းဒေသကြီးဦးစီးမှူး ဦးဇေယျာဆွေ၊ မန္တလေး တိုင်းဒေသကြီးကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေးကော်မတီ၏ အထောက်အကူပြုအဖွဲ့ခေါင်းဆောင် ဦးမင်းမင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီးစားသုံးသူရေးရာ ဦးစီးဌာနတာဝန်ခံ ဦးစီးအရာရှိဒေါ်ခင်မြတ်မူတို့က ငလျင်ဒဏ်ကြောင့်ဖြစ်ပေါ်ခဲ့သည့် ထိခိုက် ပျက်စီးဆုံးရှုံးခဲ့သည့် အခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။ မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်း ဒေသကြီးတို့မှ ငလျင်ဒဏ်ခံစားခဲ့ရသည့် ဝန်ထမ်းတစ်ဦးလျှင် ဆန် (၁၂) ပြည်နှင့် ဆီ (၅၀) ကျပ်သား ထောက်ပံ့ပေးအပ်ပြီး ဝန်ထမ်းများအတွက် ထောက်ပံ့ငွေကျပ်သိန်း (၂၀၀) ကို ပေးအပ်ခဲ့ကြောင်းနှင့် ငလျင်ဒဏ်ကြောင့် အဆောက်အဦများပျက်စီးမှုအခြေအနေများကို မန္တလေးတိုင်းဒေသကြီးစားသုံးသူရေးရာဦးစီးဌာန ဝန်ထမ်းအိမ်ယာရုံးဝင်းအတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(မန္တလေး)