Main menu

ကော့သောင်းမြို့နယ် မြို့နယ်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးဖွဲ့ဝင်များနှင့်အတူ ရှောင်တခင်ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

      ၂၀၂၅ ခုနှစ်၊ မတ်လ ၂၉ ရက်နေ့ နေ့လယ် ၁၅:၀၀ နာရီ အချိန်တွင်  ကော့သောင်းမြို့ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ဝင်များဖြစ်သော မြို့နယ်စီမံ အုပ်ချူပ်ရေးအဖွဲ့၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်အကောက်ခွန်ဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့တို့ပူးပေါင်း၍ ကော့သောင်းမြို့နယ်ရှိ တရားမဝင်ကုန်ပစ္စည်းများဝင်ထွက်နေမှုရှိ/မရှိ ရှောင်တခင်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

     အဆိုပါ မြို့နယ်တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့ဝင်များသည် ကွင်းဆင်း စစ်ဆေးရာတွင် ကော့သောင်းမြို့ အေးရိပ်ငြိမ်းရပ်ကွက်၊ ‌ဓူဝံလမ်း ‌‌ဒေသငါးဖမ်းစက်လှေဆိပ်အနီး မြစ်ကမ်းဘေးတွင်  ဦးညီညီစိုး(အဘဦးစိုးကြည်) မှတ်ပုံတင်အမှတ် (၇/ရကန(နိုင်) ၀၄၉၃၀၅)ပိုင် တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသော Car Tyer (235/60R18 107V XL) Brand:Luafenn,C/O:Indonesia-140Uခန့်မှန်းတန်ဖိုးငွေကျပ် (၄၉,၀၀၀,၀၀၀/-)ခန့် ပစ္စည်းများအား တွေ့ရှိသဖြင့် အမှုတွဲအမှတ်၊၁၁-ကသ(တတန)/၂၀၂၅(၀၁၉)ဖြင့်အမှုဖွင့်လှစ်၍ ထိုပစ္စည်း တင်သွင်းလာခြင်းသည် ပင်လယ်ရေကြောင်း အကောက်ခွန်အက်ဥပဒေ၊ ကုန်လမ်း အကောက်ခွန်အက်ဥပဒေအရ အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)