Main menu

အိမ်တွင်းလျှပ်စစ်သွယ်တန်းတပ်ဆင်ခြင်းသင်တန်း သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပပြုလုပ်

Powered by Drupal

  အိမ်တွင်းလျှပ်စစ်သွယ်တန်းတပ်ဆင်ခြင်းသင်တန်းဆင်းပွဲအခမ်းအနားကို အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း(ပုသိမ်)တွင် ၂၈.၃.၂၀၂၅ ရက်နေ့ နံနက် (၁၀:၀၀) နာရီတွင် ကျင်းပခဲ့ရာ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းအဆင့်ဌာနဆိုင်ရာများ၊ စက်ရုံအလုပ်ရုံများမှ တာဝန်ရှိသူများနှင့် သင်တန်းသားများ တက်ရောက်ခဲ့ပါသည်၊၊

   အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက အဖွင့်အမှာစကားပြောကြားရာ အိမ်တွင်းလျှပ်စစ်သင်တန်းတွင် သင်ကြားပြသပေးသော သင်ခန်းစာများကို လေ့လာဆည်းပူးသင်ကြားပြီး မိမိအိမ်၊ ပတ်ဝန်းကျင်နှင့် အလုပ်ရုံများဝင်ရောက်လုပ်ကိုင်နိုင်ပြီး လျှပ်စစ်လုပ်သားကောင်းများဖြစ်စေရေးနှင့် လျှပ်စစ်ကြောင့် ဖြစ်ပေါ်လာမည့် Wire Shock ဖြစ်ပွားမည့် အန္တရာယ်များမဖြစ်ပေါ်စေရေး အထူးဂရုပြုဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ တိုင်းဒေသကြီးအတွင်း လျှပ်စစ်လိုအပ်ချက်၏ ၄၀ ရာခိုင်နှုန်းသာ ရရှိသည့်အတွက် ကျေးရွာများတွင် လျှပ်စစ်မီးရရှိရေး ဒေသခံကျွမ်းကျင်သူများနှင့် ပညာရှင်များ ပူးပေါင်းဆောင်ရွက်နေကြောင်း ပြောကြားခဲ့ပြီး အမှတ်တရ ဓာတ်ပုံရိုက်ကူးပြီး သင်တန်းဆင်းပွဲအခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်၊၊

DOCA(ဧရာဝတီ)