Main menu

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့အစည်းအဝေးခန်းမ(၂)တွင် ARCCIအသင်းပြန်လည်ဖွဲ့စည်းရေးနှင့် အသင်းရုံးတည်ဆောက်ရေးဆွေးနွေးပွဲပြုလုပ်

Powered by Drupal

    ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့အစည်းအဝေးခန်းမ(၂)တွင် မတ်လ၂၉ ရက်နေ့၊ နံနက်ပိုင်း တိုင်းဒေသကြီးစီးပွားရေးရာဝန်ကြီးဦးတင်အေးဦးဆောင်ပြီး စားသုံးသူရေးရာဦးစီးဌာန ဒုတိုင်းဦးစီးမှူး တက်ရောက်၍ ဆီကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ARCCI ဥက္ကဌဦးဝင်မြင့်လှိုင်၊ အထွေထွေအတွင်းရေးမှူးဦးမောင်မောင်ဦး တိုင်းဒေသကြီးအတွင်း ဖွဲ့စည်းထားသော ဆီကုန်သည် အသင်း၊ဆေးဆိုင်ပိုင်ရှင်များအသင်း၊ ဆန်ကုန်သည်များအသင်း၊ ဆီတင်သွင်းဖြန့်ဖြူးရောင်းချသူများ အသင်း၊အိမ်ခြံမြေဝန်ဆောင်မှုအသင်း၊ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်၊ ကုန်တင်ယာဉ်ပိုင်ရှင်များအသင်း၊ ပုစွန်ထုတ်လုပ်ရောင်းချသူများ အသင်း၊ ကွန်ပျူတာလုပ်ငန်းရှင်များအသင်း၊ရေသန့်လုပ်ငန်းရှင်များအသင်း၊ကြိမ်ဝါးဗေဒါလုပ်ငန်းရှင်များအသင်း၊စုစုပေါင်းအသင်း၁၂သင်းမှ စီးပွားလုပ်ငန်းရှင် ၂၂ ဦးတက်ရောက် ခဲ့ပါသည်။

    တိုင်းဒေသကြီးစီးပွားရေးရာဝန်ကြီးဦးတင်အေးက တိုင်းအတွင်းဖွဲ့စည်းထားသော အသင်း အဖွဲ့ ၃၇သင်းရှိ၍  အသင်း ၆ သင်းမှာလှုပ်ရှားမှုမရှိကြောင်း ARCCI အသင်းရုံးမြေနေရာအားပေးပြီး အသင်းရုံးဆောင်လုပ်ရန် ပန္နဲရိုက်ပြီးဘာမှမလုပ်ရသေးကြောင်း ဝန်ကြီးချုပ်မှ ဆက်လက် ဆောင်ရွက်ရန် လမ်းညွှတ်ထားကြောင်းပြောကြားခဲ့ပါသည်။

    ဧရာဝတီကုန်သည်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဌဦးဝင်းမြင့်လှိုင်က အသင်း ဝင်ကြေးနှင့် အသင်းသားကြေးများ မကောက်ရသေးကြောင်း စည်ပင်သာယာရေးအဖွဲ့မှလည်း အသင်းရုံး ဆောက်လုပ်ရာတွင် လိုအပ်သည်များဆောင်ရွက်ရန် နှင့်စာရွက်စာတမ်း များနောက်မှတင်ရန် ပြောကြား ခဲ့ကြောင်းဧရာဝတီတိုင်းဒေသကြီးအတွင်းရှိအသင်းများအားလုံး ရုံးခန်းလုပ်ရမှာဖြစ်ကြောင်း ဧရာဝတီ တိုင်းဒေသကြီး၏ စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန် လုပ်ငန်းရှင်များမှပံ့ပိုးကူညီရန် ယခုမြေနေရာတွင် ဆောက်လုပ်မည့် အဆောက်အဦ မှာကျပ်သိန်းပေါင်း ၇၀၀၀၀ ကုန်ကျမည်ဖြစ်ကြောင်း အသင်းအဖွဲ့များ အားကောင်းဖို့ လိုကြောင်း တိုင်းအသင်းရုံးဖြစ်သည့်အတွက် လုပ်ငန်းရှင်များမှ အားလုံးပူး ပေါင်းပါဝင်စေရန် ဆွေးနွေးပြောကြားခဲ့ပါသည်။

    ဧရာဝတီဆီကုန်သည်နှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းအထွေထွေအတွင်းရေးမှူး ဦးမောင်မောင်ဦးမှလည်း ARCCI အသင်းရုံးတည်ဆောက်ရေး အသင်းသစ်ပြန်လည်ဖွဲ့စည်းရန်နှင့် မေလ၂၉ ရက်နေ့တွင် အသင်းသက်တမ်းပြည့်မှာဖြစ်သည့်အတွက် ညီနောင်အသင်းများ ပြန်လည် ဖွဲ့စည်းရန် အမှုဆောင်၊အလုပ်အမှုဆောင်ပြန်လည်ဖွဲ့စည်းသွားရန် တင်ဒါကော်မတီဖွဲ့စည်းပြီး အဆောက်အဦပုံစံရေးဆွဲထားရှိမှုနှင့်တင်ဒါခေါ်ယူရေးကိစ္စများဆောင်ရွက်ထားရှိမှုရန်ပုံငွေရှာဖွေရေးအဖွဲ့ ဖွဲ့စည်းထားရှိမှုအကျိုးဆောင်ကော်မတီဖွဲ့စည်းထားရှိမှု နှင့်ပတ်သက်၍ ဆွေးနွေးပြောကြားခဲ့ပါသည်။

     ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီးဦးတင်အေးကလည်း ARCCI အသင်းရုံးတည်ဆောက်ရာတွင် ပါဝင်ကူညီဆောင်ရွက်ပေးမည့်အပိုင်းများအား ဆွေးနွေး ပြောကြား၍ ဧရာဝတီတိုင်းဒေသကြီးသို့ လာရောက်သည့်ပြည်ပမှ ရင်းနှီးမြှပ်နှံလိုသည့်ကိစ္စရပ်များ စီးပွားရေး လုပ်ငန်းများ၊ထိုင်း၊လာအို၊ တရုတ်၊ဗီယက်နမ်နိုင်ငံများရှိ အသင်းအဖွဲ့များ၏ စီးပွားရေး ဆောင်ရွက် နေမှုများ စစ်သံမှူးများနှင့်ချိတ်ဆက်ဆောင်ရွက်ရန် ကိစ္စများ ဧရာဝတီတိုင်းဒေသကြီး အတွက်  ပြည်ပ ဈေးကွက်တိုးမြှင့်တင်ပို့နိုင်ရန်နှင့် စီးပွားရေးလုပ်ငန်းများအတွက် အလား အလာကောင်းများရှိနေသော ARCCI ဧရာဆီကုန်သည်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းကြီးမှ ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် စီးပွား ရေးအလားအလာကောင်းများရရှိစေမည့် အသင်းရုံးအသစ်ကြီး တည်ဆောက်ရေး ဒေသထွက် ကုန်စည်များကို တစ်နေရာတည်းတွင် ပြသနိုင်ရေးဖွဲ့စည်း ထားသောညီနောင်အသင်းများ၏ တစ်သင်းခြင်းဆီ ကဏ္ဍအလိုက် ပြည်တွင်း၊ပြည်ပဈေးကွက်ပိုမိုထိုးဖောက်နိုင်ရန်နှင့် ချိတ်ဆက်ဆောင်ရွက်နိုင်ရန် အခွင့်အလမ်းကောင်းများရရှိမည့် ARCCI ရုံးသစ်တည်ဆောက်ရေး ပူးပေါင်းပါဝင် ကူညီဆောင်ရွက် ဆွေးနွေးပြောကြားခဲ့ပါသည်။

DOCA(ဧရာဝတီ)