
၂၀၂၅ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့၊ နေ့လယ် (၁၃း၀၀)နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့၊ သယံဇာတရေးရာဝန်ကြီးအခန်း၌ တနင်္သာရီတိုင်းဒေသကြီးဓာတ်သတ္တု(ရွှေ)ရောင်းဝယ်ခြင်း ဝန်ဆောင်မှုလုပ်ငန်း ကနဦးစိစစ်ရေးအဖွဲ့၏ (၅/၂၀၂၅) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ကျင်းပခဲ့ရာ အဖွဲ့ဝင် စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဦးစီးမှူးမှ တက်ရောက်ခဲ့ပါသည်။
အစည်းအဝေးတွင် ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့သယံဇာတရေးရာဝန်ကြီးမှ အဖွင့်အမှာစကားပြောကြားကာ အတွင်းရေးမှူး၊ တိုင်းဒေသကြီးသတ္တုတွင်းဦးစီးဌာန ညွှန်ကြားရေးမှူးမှ လိုင်စင်လျှောက်ထားမှုအခြေအနေများနှင့် ကွင်းဆင်းစစ်ဆေးမှုများအား ရှင်းလင်းဆွေးနွေးတင်ပြခဲ့ရာ တက် ရောက်လာသောအဖွဲ့ဝင်များမှ အသီးသီးဆွေးနွေးတင်ပြခဲ့ကြပြီး ဥက္ကဋ္ဌမှ နိဂုံးချုပ်အမှာစကား ပြောကြားကာ အစည်းအဝေးအား နေ့လယ်(၁၄း၀၀) နာရီတွင် ပြီးမြောက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)