Main menu

စစ်ကိုင်းတိုင်းဒေသကြီး ဂုဏ်ယူဖွယ်ရာ မြန်မာ့သနပ်ခါးပြပွဲ ကျင်းပဆောင်ရွက်

Powered by Drupal

     (၂၉.၃.၂၀၂၅ ) ရက်နေ့ နံနက် (၈း၃၀) အချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ လမ်းညွှန်မှုနှင့်အတူ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ချင်းတွင်းခန်းမတွင် ဂုဏ်ယူဖွယ်ရာ မြန်မာ့သနပ်ခါးပြပွဲကို ကျင်းပဆောင်ရွက်ခဲ့ရာ  တိုင်းဒေသကြီးအတွင်းရှိ တိုင်း/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ NGO အသင်းအဖွဲ့များ မြန်မာ့သနပ်ခါး ချစ်မြတ်နိုးသူပြည်သူများ စုစုပေါင်း ( ၇၀၀ ) ဦးခန့် တက်ရောက်ခဲ့ကြောင်းသတင်းရရှိပါသည်။  

  အဆိုပါအခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီးက အဖွင့်အမှာ စကားပြောကြားပြီး  စားသုံးသူရေးရာဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးဆောင်၍ ဝန်ထမ်းများသည် တန်ဖိုးမြှင့် သနပ်ခါးထွက်ကုန်ပစ္စည်းများနှင့် သနပ်ခါးတုံးများကို ပြသခဲ့ကြပြီး  ပြည်တွင်းသနပ်ခါးဈေးကွက်ခိုင်မာရေး၊ ပြည်ပဈေးကွက်ကျယ်ပြန့်စွာရရှိနိုင်ရေး၊  သနပ်ခါးစိုက်တောင်သူများ ခေတ်မီသိပ္ပံနည်းစနစ်ကျကျဆောင်ရွက်နိုင်ရေး ၊ သနပ်ခါးအလှကုန် ထုတ်လုပ်သူများ နည်းပညာအဆင့်အတန်းမြင့်မားလာစေရေးများကို ဆောင်ရွက်ပြီး ကမ္ဘာမှာ  မြန်မာသနပ်ခါးယဉ်ကျေးမှုအမွေအနှစ်ရေရှည်တည်တံ့ခိုင်မြဲစေရန်ရည်ရွယ်ချက်များဖြင့် သနပ်ခါးနှင့်သနပ်ခါးထွက်ကုန်ပစ္စည်းများ ပြသခြင်း၊ မုံရွာမြို့ရှိ စီးပွားရေး တက္ကသိုလ်ပါမောက္ခက သနပ်ခါးနှင့် ပတ်သက်သော အကြောင်းအရာများအား  Video Click ဖြင့် ပြသခြင်း၊ မုံရွာတက္က သိုလ်တွဲဖက်ပါမောက္ခက  သနပ်ခါးနှင့် ပတ်သက်သည့် စာတမ်းများ ဖတ်ကြားခြင်း၊ မုံရွာတက္ကသိုလ်၊ အခြေခံပညာရေးကျောင်း၊ သူနာပြုသင်တန်းကျောင်းမှ  ကျောင်းသူများက ရွှေဘိုသနပ်ခါး၊ မြန်မာသနပ်ခါးသီချင်းများဖြင့် ကပြဖျော်ဖြေခြင်း၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့များက သနပ်ခါးသွေး၍ လိမ်းချယ်ပေးခြင်းများ ဆောင်ရွက်ခဲ့ကြပြီး အခမ်းအနားကို အောင်မြင်စွာ ရုတ်သိမ်းခဲ့ကြောင်း သိရပါသည်။

DOCA(စစ်ကိုင်း)