တနင်္သာရီတိုင်းဒေသကြီး ၊စားသုံးသူရေးရာဦးစီးဌာန၊ မြိတ်ခရိုင်မှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် (၁၇.၆.၂၀၂၂) ရက်နေ့၊ နံနက်(၉း၃၀)အချိန်တွင် မြိတ်မြို့ပေါ်ရှိ တိုင်းရင်းဆေးရောင်းချနေသောဆိုင်(၃)ဆိုင်သို့ သွားရောက်၍ Online ပေါ်တွင် ရောင်းချနေသော ရသေ့ဆေး(သို့) ထိုင်းဗိန်းတောဆေးအား ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။
၎င်းဆေးသည် တရားဝင်ဆေးဝါးအဖြစ်မှတ်ပုံတင်ထားခြင်းမရှိသည့်အပြင် Online ပေါ် တွင် အကိုက်အခဲရောဂါ ပေါင်းစုံပျောက်သည်ဟုဆိုပြီး တစ်ပုလင်းကို (၅၅၀၀) ကျပ် မှ (၁၃၀၀၀) ကျပ်ဖြင့် ကြော်ငြာရောင်းချလျက်ရှိကြောင်းနှင့် ထိုင်းနိုင်ငံ၏ FDA က ဘေးအန္တရာယ်ရှိသည့်ဆေး အဖြစ်ထုတ်ပြန်ထားပြီး မြန်မာနိုင်ငံအစားသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနသို့ အကြောင်းကြားလာခဲ့ကြောင်း သိရှိရပါသည်။ အဆိုပါတိုင်းရင်းဆေးအား မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ကွင်းဆင်းစစ်ဆေးခဲ့ရာ မြိတ်မြို့ပေါ်ရှိ တိုင်းရင်းဆေးဆိုင်များတွင် ရသေ့ဆေး(သို့) ထိုင်းဗိန်း တောဆေးအား ရောင်းချနေခြင်းမရှိကြောင်း သတင်းရရှိခဲ့ပါသည်။
DOCA(တနင်္သာရီ)