Main menu

မြိတ်မြို့သို့ ရန်ကုန်မြို့ဆီကန်မှထွက်ခွာလာသော စားအုန်းဆီကားများရောက်ရှိ

Powered by Drupal

    တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့အတွက် စားအုန်းဆီများကို ရန်ကုန်မြို့ဆီကုမ္ပဏီများမှ ဖြန့်ခွဲရောင်းချပေးလျက်ရှိရာ Global Good Pure Group ကုမ္ပဏီမှ ထုတ်ယူခဲ့သော စားအုန်းဆီပေပါ(၇၈)ပေပါသည် (၁.၄.၂၀၂၅)ရက်နေ့တွင် ယာဉ်အမှတ်(5S-9017)ဖြင့် မြိတ်မြို့ သို့ ရောက်ရှိလာခဲ့ကြောင်းသိရှိရပါသည်။ ၎င်းစားအုန်းဆီများကို ရည်ညွှန်း‌စျေး၊ သယ်ယူပို့ ဆောင်ကုန်ကျစရိတ်နှင့် ၂% အမြတ်တို့ဖြင့် လက်လီဆိုင်များသို့ ခွဲဝေရောင်းချပေးသွားမည် ဖြစ်ကြောင်း၊ လက်လီဆိုင်များမှ စားသုံးသူ ပြည်သူများသို့ ခွဲဝေဖြန့်ဖြူး ရောင်းချပေးသွားမည် ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)