
၃.၄.၂၀၂၅ ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ မြန်မာနိုင်ငံ စားသောက်ဆိုင်လုပ်ငန်းရှင်များအသင်း(မော်လမြိုင်ဇုန်)မှ ဥက္ကဌနှင့်အဖွဲ့ဝင်များ စုစုပေါင်း (၂၅) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ပြည်နယ်ဦးစီးမှူး ဦးတင်အောင်ကျော်မှ အဖွင့်အမှာစကားပြော ကြားရာတွင် အသင်းအဖွဲ့ဖွဲ့စည်းရခြင်း၏ အကျိုးကျေးဇူးဖြစ်သော စားသောက်ဆိုင် လုပ်ငန်းရှင်များအနေဖြင့် (လုပ်ကွက်ငယ်များအပါအဝင်) ပွဲစားကုန်သည်များ၏ ဈေးနှုန်း ထိန်းချုပ်မှုမခံရစေဘဲ မိမိတို့လုပ်ငန်းရှင်အချင်းချင်း ထိုက်သင့်သည့် ဈေးနှုန်းများ ရရှိစေ ရေး၊ စားသောက်ကုန်များထုတ်လုပ်ရာတွင် ဖြစ်ပေါ်လာသည့်အခက်အခဲများ၊ လိုအပ်ချက် များကိုသက်ဆိုင်သည့်အဖွဲ့အစည်းများနှင့်ချိတ်ဆက်ပေးခြင်း၊ဈေးနှုန်းဈေးကွက်၊ လက်လီ လက်ကားဖြန့်ချီရောင်းချရာတွင် အတားအဆီး၊ နည်းပညာ၊ ချေးငွေများရရှိစေရေးကို ကူညီပံ့ပိုးဆောင်ရွက်ရန် စသည့်အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ကြောင်းပြောကြား ပါသည်။ ဆက်လက်ပြီး ယခင်မြန်မာနိုင်ငံစားသောက်ဆိုင်လုပ်ငန်းရှင်များအသင်း (မော်လမြိုင်ဇုန်) မှ ဒု-ဥက္ကဌ ဦးချိုချိုမှ အသင်းအဖွဲ့ ဖွဲ့စည်းရခြင်း၏ ရည်ရွယ်ချက် များအား ရှင်းလင်းဆွေးနွေးခဲ့ပြီး မွန်ပြည်နယ် စားသောက်ဆိုင်လုပ်ငန်းရှင်များ အသင်းအတွက် အသင်းဝင်သစ်များ ထပ်မံတိုးချဲ့ဖွဲ့စည်းထားမည်ဖြစ်သည့်အတွက် တက်ရောက်လာသူများမှ ဥက္ကဌ၊ ဒု-ဥက္ကဌ၊ အတွင်းရေးမှူး၊ ဘဏ္ဍာရေးမှူးများအား အဆိုပြုကြပြီး အဖွဲ့ဝင် (၂၅) ဦးတို့ဖြင့် မွန်ပြည်နယ်စားသောက်ဆိုင်လုပ်ငန်းရှင်များ အသင်းကို ပမာဏဖွဲ့စည်းခဲ့ကြပြီး အစည်းအဝေးကို နေ့လယ် (၁၂) နာရီအချိန်တွင် ပြီးဆုံးကြောင်း သိရပါသည်။
DOCA(မွန်)