Main menu

ကံမမြို့တွင် တရားမဝင်ဆင်းကတ်များ ရောင်းချမှုမရှိစေရေး ကွင်းဆင်းစစ်ဆေး

Powered by Drupal

      စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တာဝန်ခံသည် (၂၈.၃.၂၀၂၅)ရက်နေ့၊ နေ့လယ်(၁၄:၀၀)နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြန်မာ့ဆက်သွယ်ရေး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ ပူးပေါင်းပါဝင်သော မြို့နယ်တရားမဝင်ဆင်းကတ်များရောင်းချမှု စစ်ဆေးရေးအဖွဲ့သည်  ဈေးကွက်အတွင်း ရောင်းချလျက်ရှိသော ဆင်းကတ်များအား ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အမိန့်ကြော်ငြာစာ၊ အမိန့်ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်း များနှင့်အညီ ဆင်းကတ်များ စနစ်တကျမှတ်ပုံတင်ရောင်းချနိုင်ရန်နှင့် တရားမဝင်ဆင်းကတ် ရောင်းချမှုများရှိ/မရှိ ကံမမြို့ပေါ် အမှတ်(၁/၂/၃/၄)ရပ်ကွက်နှင့် ကျွန်းကလေးကျေးရွာရှိ ဖုန်းဆိုင် (ဆင်းကတ်)အရောင်းဆိုင် (၈)ဆိုင်အား ကွင်းဆင်းစစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။

    ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် အရောင်းဆိုင်များမှ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဦးစီးဌာန၏ အမိန့်ကြော်ငြာစာအမိန့်ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆင်းကတ် များအား စနစ်တကျမှတ်ပုံတင်ရောင်းချလျက်ရှိပြီး တရားမဝင်ဆင်းကတ်ရောင်းချမှုများ မရှိပါ ကြောင်း စစ်ဆေးတွေ့ရှိရပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူးက ဆင်းကတ်များရောင်းချရာတွင် ဆင်းကတ်များ စနစ်တကျမှတ်ပုံတင်ပြုလုပ်ပြီးမှ ရောင်းချ စေရေးနှင့် တရားမဝင် ဆင်းကတ်များရောင်းချမှုရှိပါက ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဦးစီးဌာန၏ ဆက်သွယ်ရေးဥပဒေပုဒ်မအရ အရေးယူခြင်းခံရမည့် အကြောင်းကိုလည်းကောင်း၊ ကံမမြို့နယ် တာဝန်ခံမှ ဌာန၏ဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်းနှင့် ဝန်ဆောင်မှုနှင့် စပ်လျဥ်း၍ အာမခံချက်ပေးခြင်းများအကြောင်းကိုလည်းကောင်း အသေးစိတ်ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။

DOCA(မကွေး)