Main menu

မကွေးမြို့နယ်အတွင်း စားအုန်းဆီ လက်လီ/လက်ကား ဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းရှင်များအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ မကွေးခရိုင်ဦးစီးမှူးရုံးမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် (၂.၄.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၃၀)အချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာ ရေးအဖွဲ့များနှင့်ပူးပေါင်းပြီး မကွေးမြို့နယ်အတွင်း စားအုန်းဆီလက်လီ/လက်ကား ဖြန့်ဖြူး ရောင်းချသည့် လုပ်ငန်းရှင်များထံ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် (၂၄.၂.၂၀၂၅)မှ (၃၀.၂.၂၀၂၅)အထိ (၅)ရက်အတွက် ရရှိသော စားအုန်းဆီများကို ဒေါ်ယဉ်မွန် (မွန်)ဆီဆိုင်သည် အောင်မေတ္တာ(A/B/ C/ D) ရပ်ကွက်ရှိ ပြည်သူများသို့ လည်းကောင်း၊ ဒေါ်စန်းစန်းဝင်း (ထက်မြတ်အောင်)ဆီဆိုင်သည် ကျေးရွာများရှိ ပြည်သူများအားလည်း ကောင်း၊ ဒေါ်စံပယ် (ထွန်း)ဆီဆိုင်သည် ပြည်တော်သာရပ်ကွက်ရှိ ပြည်သူများအားလည်းကောင်း၊ ဦးကိုကိုမောင် (ကောင်းသစ်ထူး) ဆီဆိုင်သည် ကျေးရွာများရှိ ပြည်သူများအား လည်းကောင်း၊ ဒေါ်ပိုက်ယဉ်စိုး (စိုး)ဆီဆိုင် (၁)သည် အောင်မင်္ဂလာ၊ ကန်သာ (A/ B/ C/ D)ရပ်ကွက်များရှိ ပြည်သူများ အားလည်းကောင်း၊ ဒေါ်ဇာနည်စိုး (စိုး)ဆီဆိုင်(၂)သည် အောင်ရတနာ၊ ရန်ပယ်၊ ရန်ဝေးနှင့် ရန်နိုင်ရပ် ကွက်ရှိပြည်သူမျာအားလည်းကောင်း၊ ဒေါ်ဝါဝါ (ဝါဝါ)ဆီဆိုင်သည် မြို့ဟောင်းရပ်ကွက်ရှိ ပြည်သူများသို့ လည်းကောင်း အိမ်ထောင်စု (၁)စု (၂)ရပ်တစ်ပတ်လျှင် စားအုန်းဆီ (၁)ပိဿာအား ကျပ်(၇၇၆၅)ဖြင့် စာအုပ်စနစ်ဖြင့် စနစ်တကျ ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မကွေး)