Main menu

ပခုက္ကူနှင့် ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ ၂၀၂၅ ခုနှစ်၊ မတ်လအတွင်း စားသုံးသူကာကွယ်ရေး အသိပညာပေးခြင်း ဆောင်ရွက်နိုင်မှုအခြေအနေ

Powered by Drupal

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် စားသုံးသူများ စားသုံးသူကာကွယ်ရေးဥပဒေအား သိရှိလိုက်နာစေရေး၊ အခွင့်အရေးနှင့်တာဝန်များအား သိရှိပြီး ဘေးအန္တာရာယ်ကင်းရှင်းစေရန် ရည်ရွယ်၍ စဉ်ဆက်မပြတ် အသိ ပညာပေးဆောင်ရွက်လျက်ရှိပါသည်။

    ပခုက္ကူခရိုင်အနေဖြင့် ၂၀၂၅ခုနှစ်၊ မတ်လအတွင်း ခရိုင်ဦးစီးမှူးမှ ဦးဆောင်၍ ဒုတိယခရိုင် ဦးစီးမှူး၊ ပခုက္ကူ မြို့နယ်တာဝန်ခံ၊ စားသုံးသူရေးရာဌာနခွဲတာဝန်ခံနှင့် ဝန်ထမ်းများသည် ပခုက္ကူ ခရိုင်ရုံးတွင် မိဘပြည်သူများအား အသိပညာပေးခြင်း၊ ပခုက္ကူတက္ကသိုလ်တွင် ဒုတိယပါမောက္ခချုပ် အပါအဝင် ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ပခုက္ကူပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန၌ Talk Showဖြင့် စားသုံးသူကာကွယ်ရေးအသိပညာပေးခြင်း၊ မြိုင်မြို့နယ်အနေဖြင့် ပခုက္ကူပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ မြိုင်ပြန်ဆက်ဦးစီးမှူး နှင့် TalkShowဖြင့် စားသုံးသူကာကွယ်ရေးအသိပညာပေးခြင်း၊ ရေစကြိုမြို့နယ်အနေဖြင့် ပခုက္ကူပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၌ ရေစကြိုပြန်ဆက်ဦးစီးမှူးနှင့် Talk Show ဖြင့် စားသုံးသူကာကွယ်ရေး အသိပညာပေးခြင်း၊ ဆိပ်ဖြူမြို့နယ်တာဝန်ခံမှ သမဝါယမဦးစီး ဌာနတွင် မိဘပြည်သူများပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ ဖွင့်လှစ်သော ပန်းချီ သင်တန်းတွင် အသိပညာပေးခြင်း၊ စုစုပေါင်း အသိပညာပေး(၇)ကြိမ် ဆောင်ရွက်ခဲ့ပါသည်။

    ဂန့်ဂေါခရိုင်အနေဖြင့် မြို့နယ်တာဝန်ခံမှ မြို့နယ်ရဲစခန်း၌ ရဲတပ်ဖွဲ့ဝင်နှင့် အကျဉ်းသားများအား  အသိပညာပေးခြင်း(၁)ကြိမ်ဆောင်ရွက်ခဲ့ပြီး ပခုက္ကူခရိုင်မှ အသိပညာပေးခြင်း(၇)ကြိမ်နှင့် ဂန့်ဂေါခရိုင်မှ အသိပညာပေးခြင်း(၁)ကြိမ်၊ စုစုပေါင်း(၈)ကြိမ် ဟောပြောဆွေးနွေးခဲ့ပြီး လက်ကမ်း စာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

DOCA(မကွေး)