
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်း ဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် တိုင်းဒေသကြီးဦးစီးမှူး ၏လမ်းညွှန်မှုဖြင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး၊ ကုန်စည်များတွင် ကုန်အညွှန်း အမှတ် အသားများ ပြည့်စုံစွာ ထည့်သွင်းဖော်ပြထားခြင်းရှိ/မရှိ၊ စားသုံးသူများ နေ့စဉ်အသုံးပြုလျက်ရှိသော ကုန်စည်နှင့် ဝန်ဆောင်မှုများ ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရမှုရှိစေရေး၊ ကုန်စည်များကို သတ်မှတ်စံချိန်စံညွှန်းများ၊ ညွှန်ကြားချက်များနှင့် ကိုက်ညီမှုရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေး ခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် မိတ်ဘက်ဌာနဆိုင်ရာ များနှင့် ပူးပေါင်း၍သော်လည်းကောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေအရ ခန့်အပ်ထားသော စစ်ဆေးရေးအရာရှိများက ဦးဆောင်၍ သော်လည်းကောင်း ဆောင်ရွက်လျက်ရှိပါသည်။
ပခုက္ကူခရိုင်အနေဖြင့် ၂၀၂၅ခုနှစ်၊ မတ်လအတွင်း ခရိုင်ဦးစီးမှူးနှင့် ဒုတိယခရိုင်ဦးစီးမှူးတို့မှ ဦးဆောင်၍ ပခုက္ကူမြို့နယ် တာဝန်ခံ၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံနှင့် ဝန်ထမ်းများသည် ဦးစားပေး ကုန်စည်အမျိုးမျိုးဖြစ်သော အသင့်စားမုန့်၊ အသင့်သောက်အချိုရည်၊ အရန်သင့် အစားအစာအမျိုးမျိုး၊ စားသုံးဆီတို့အား ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာထည့်သွင်း ဖော်ပြထားခြင်းရှိ/မရှိ ပခုက္ကူ၊ ဆိပ်ဖြူမြို့နယ်များတွင် ဈေးကွက်စောင့်ကြည့်စစ်ဆေးရာ ပခုက္ကူ မြို့တွင် FDAမှ စားသုံးရန်မသင့် ထုတ်ပြန်ထားသော အစားအသောက်များအား ကုန်စုံဆိုင်များ၌ (၁)ကြိမ်၊ အမှတ်(၁၅)ရပ်ကွက်ရှိ ကုန်စုံဆိုင်၊ စတိုးဆိုင်များတွင် အသင့်စားမုန့်အမျိုးမျိုးနှင့် အရန်သင့်အစားအစာအမျိုးမျိုး၊ အသင့်သောက်အချိုရည်အမျိုးမျိုးနှင့် စားသုံးဆီအမျိုးမျိုးတို့အား (၆)ကြိမ်၊ ဆိပ်ဖြူမြို့နယ်မှ အနောက်ပိုင်းရပ်ကွက်နှင့် ပတ္တမြားဈေးတို့တွင် (၂)ကြိမ်၊ စုစုပေါင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း(၈)ကြိမ်၊ ဈေးကွက်မရောက်မီ ပဲကြော်၊ ပဲလှော်၊ မြေပဲဆားလှော် လုပ်ငန်းရှင်များထံသို့ ကွင်းဆင်းစစ်ဆေးခြင်းအား ပခုက္ကူမှ(၂)ကြိမ်၊ ဆိပ်ဖြူမှ(၁)ကြိမ်၊ အထူး ဈေးကွက်အနေဖြင့် စားသုံးဆီ၊ စက်သုံးဆီနှင့်ဆေးဝါးအမျိုးမျိုးများအား သတ်မှတ်ရည်ညွှန်းဈေး များနှင့် ဆေးဈေးနှုန်း မြှင့်တင်ရောင်းချခြင်း(သို့) ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်း မရှိစေရန် မိတ်ဖက် ဌာနများနှင့် ပူးပေါင်းဆောင်ရွက်ကွင်းဆင်းခဲ့ကြပြီး ဌာန၏ ဥပဒေ၊ အမိန့်နှင့်ညွှန်ကြားချက်ပါ အကြောင်းအရာများကို အသိပညာပေးဆွေးနွေးခြင်းများ ဆောင်ရွက် ခဲ့ပါသည်။
ထို့ပြင် အွန်လိုင်းမှတ်ပုံတင်ခြင်းဆိုင်ရာများနှင့်စပ်လျဉ်း၍ ပခုက္ကူခရိုင်ဦးစီးမှူးရုံးတွင် စားသုံးသူ ပြည်သူများအား အွန်လိုင်းမှတ်ပုံတင်ခြင်းဆိုင်ရာများ အကြောင်းအရာများကို အသိပညာပေး ဆွေးနွေးခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။
DOCA(မကွေး)