Main menu

ကုန်အညွှန်းအမှတ်အသားနှင့်ပတ်သက်၍ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

 

        ရှမ်းပြည်နယ်တောင်ပိုင်း၊ စားသုံးသူရေးရာဦးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၄.၄.၂၀၂၅) ရက်နေ့၊ နေ့လယ် (၁၃:၃၀) နာရီအချိန်၌ လွိုင်လင်မြို့ပေါ်ရှိ ကုန်စုံဆိုင်များ၌ အေးခဲစားသောက်ကုန်အမျိုးမျိုးတို့အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

          ထိုသို့စစ်ဆေးရာ၌ ကုန်စုံဆိုင်တွင်ရောင်းချနေသော အေးခဲစားသောက်ကုန်အမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားခြင်း ရှိ/မရှိ၊ စားသုံးသူ ဘေးအန္တရာယ်ဖြစ်စေနိုင်သော ကုန်စည်များရောင်းချခြင်းရှိ/မရှိတို့အား စစ်ဆေးခဲ့ပြီး သတ်မှတ်စံချိန်စံနှုန်းနှင့် ကိုက်ညီ၍ သက်ဆိုင်ရာဌာနများမှ ခွင့်ပြုထားသော ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားသည့် ကုန်စည်များကိုသာ ဈေးကွက်အတွင်း တင်သွင်းရောင်းချစေရန် အသိပညာပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။

DOCA(ရှမ်း)