
(၁.၄.၂၀၂၅)ရက်နေ့ နေ့လည်(၁၂:၀၀)အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်း ခရိုင်ဦးစီးမှူးရုံးမှ ဒုခရိုင်ဦးစီးမှူး ဦးမျိုးအေးပါ(၄)ဦးတို့သည် အမှတ်(၅၀၃)၊ ဘုရင့်နောင် လမ်းမကြီး၊ ထန်းတပင်မြို့နယ်ရှိ ရွှေပြည့်စုံလျှပ်စစ်နှင့်အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်သို့ ဘိလပ်မြေများ ပြတ်လပ်မှုရှိ/မရှိနှင့် ဈေးနှုန်း/ဈေးကွက်အခြေအနေများအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
ဘိလပ်မြေပြတ်လပ်မှုရှိ/မရှိနှင့် ဈေးနှုန်း/ဈေးကွက်အခြေအနေများအား စုံစမ်းမေးမြန်းကြရာ လက်ရှိအခြေအနေတွင် ထန်းတပင်မြို့နယ်အတွင်း အသုံးများသော ကြံ့တံဆိပ် ဘိလပ်မြေပြတ်လပ်မှုမရှိဘဲ ပုံမှန်ရောင်းချလျက်ရှိကြောင်း၊ ဈေးနှုန်းများလည်း ပုံမှန်အတက်/ အကျမရှိကြောင်း သိရှိရပါသည်။ ထို့နောက် ဒုခရိုင်ဦးစီးမှူး ဦးမျိုးအေးက ဘိလပ်မြေသည် ဆောက်လုပ်ရေးလုပ်ငန်းများအတွက် မရှိမဖြစ်လိုအပ်သော ကုန်စည်ဖြစ်ပြီး ဈေးနှုန်းမြှင့်တင် ရောင်းချခြင်းများ မပြုလုပ်ကြရန်နှင့် ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းများ မပြုလုပ်ကြရန် အသိပညာပေးတွေ့ဆုံဆွေးနွေး ကွင်းဆင်းခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)