Main menu

စိုက်ပျိုးရေးသုံးဓါတ်မြေဩဇာအမျိုးမျိုးရောင်းချသည့်ဆိုင်သို့ ကွင်းဆင်းစစ်ဆေး

Powered by Drupal

    (၁.၄.၂၀၂၅)ရက်နေ့ နေ့လယ် (၁၂:၃၀)အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်း ခရိုင် ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ထန်းတပင်မြို့နယ်အတွင်းရှိ စိုက်ပျိုးရေးသုံး ဓါတ်မြေဩဇာအမျိုးမျိုး ရောင်းချသည့်ဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

    ထန်းတပင်မြို့နယ်၊ ဘုရင့်နောင်လမ်းမကြီး၊ (၁)ရပ်ကွက်ရှိ “စိမ်းလဲ့ဝေ”စိုက်ပျိုးရေးဆေး ဓါတ်မြေဩဇာလက်လီ/လက်ကားရောင်းဝယ်ရေးသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာ အပင်သုံးဆေးဝါး၊ ပိုးသတ်ဆေး၊ အပင်အားဆေး၊ ပေါင်းသတ်ဆေး၊ ပုလဲဓါတ်မြေဩဇာ၊ ရွှေကောမက်၊ ဖြိုးမောက်အစ ရှိသည့်ပစ္စည်းများအရောင်းအဝယ် ပုံမှန်သာရှိကြောင်း၊ စိုက်ပျိုးရာသီ (၅)လပိုင်းလောက်မှ အရောင်းသွက်ကြောင်း ကွင်းဆင်းစစ်ဆေးချက်အရ သိရှိရပါသည်။

DOCA(ရန်ကုန်)