
စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၁.၄.၂၀၂၅) ရက်နေ့ နေ့လယ်(၁၄:၀၀)အချိန်တွင် ထန်းတပင်မြို့နယ်၊ မြို့မဈေးအတွင်းရှိ အိမ်သုံးသံချောင်း ရောင်းချနေသည့် ဦးစိုးဝင်းဆိုင်သို့ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် Hollow သံတွင် အိမ်သုံးအများဆုံးဖြစ်ပြီး ဆိုဒ်မျိုးစုံရှိရာ ပေနှင့်တွက်၍ ဈေးနှုန်းအမျိုးမျိုးရှိကြောင်း၊ H-Bean, I-Bean များလည်း ဆိုဒ်အလိုက် ငါးတစ်ခွဲ၊ ငါးနှစ်ခွဲဈေးနှုန်းအမျိုးမျိုးရှိပြီး ပစ္စည်းများပြတ်လပ်မှုမရှိပါကြောင်း ပစ္စည်းများကို တောင်ဒဂုံနှင့် ရွှေပြည်သာမြို့နယ်တို့မှ ဝယ်ယူရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)