Main menu

စားအုန်းဆီရောင်းချသော ဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

   ဧပြီလ(၂)ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ် ခရိုင်ဗဟန်းမြို့နယ်ရှိ စားအုန်းဆီလက်လီလက်ကား အရောင်းဆိုင်များသို့ စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင်ဦးစီးမှူးရုံး၏ ညွှန်ကြားမှုနှင့်အညီ အနောက်ပိုင်းခရိုင် ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် စားသုံးသူများနေ့စဉ် စားသုံးလျှက်ရှိသော စားအုန်းဆီလက်လီ လက်ကား ပြန်လည်ရောင်းချဖြန့်ဖြူရောင်းချပေးနေမှု အခြေအနေအား ကွင်းဆင်းစိစစ်ကြပ်မတ် စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

    ထိုသို့ဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ဗဟန်းမြို့နယ်စည်ပင်သာယာရေး အဖွဲ့ မြို့မဈေးတာဝန်ခံ ဦးတက်တိုး၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ တို့ပူးပေါင်း၍ စည်ပင်သာယာမြို့မဈေး အတွင်း/အပြင်ရှိ ကုန်ခြောက်ဆိုင်များ စားအုန်းဆီ လက်လီလက်ကား ‌ဖြန့်ဖြူးရောင်းချပေးလျက်ရှိသော ဆီအရောင်းဆိုင်များဖြစ်သည့် ဗဟန်းဈေးအတွင်းရှိ ဆီရောင်း ချသူ စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံကာ စားအုန်းဆီဖြန့်ဖြူးရောင်းချသည့် ကုမ္ပဏီအမည် ခွဲတမ်းရရှိသည့် စားအုန်းဆီပေပါဖြန့်ဖြူးရောင်းချပေးသည့် စားအုန်းဆီပေပါပိဿာနှင့် ရောင်းချသည့်လက်လီ/လက်ကား‌ဈေးနှုန်းတို့အား စာရင်းကောက်ယူခဲ့ပြီး သတ်မှတ်အခြေခံ လက်ကား ရည်ညွှန်းဈေးအပေါ် (၂%) နှစ်ရာခိုင်နှုန်း ထက်မပိုသော ဈေးနှုန်းဖြင့် ပြန်လည်ဖြန့်ဖြူးရောင်းချ ကြရန်နှင့် ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းမပြုလုပ်ကြရန် စားသုံးသူကာကွယ်ရေး အသိပညာပေးပြောကြားခဲ့ပြီး ဈေးကွက်ကွင်းဆင်းစိစစ် ကြပ်မတ်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)