
စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် အစား အသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ် စည်ပင်သာယာရေးကော်မတီ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး တို့နှင့်ပူးပေါင်း၍ ၃၁.၃.၂၀၂၅ ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် သင်္ဃန်းကျွန်းမြို့နယ်၊ (က)ရပ်ကွက်၊ စကားဝါလမ်း၊ အမှတ်(112) ရှိ AROMA အမှတ်တံဆိပ် သောက်ရေသန့်လုပ်ငန်းအား သွားရောက်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
ထိုသို့ စစ်ဆေးရာတွင် သက်ဆိုင်ရာဌာနများ၏ လုပ်ငန်းလိုင်စင် ရယူထားခြင်း ရှိ / မရှိ စစ်ဆေးခြင်း၊ လုပ်သားများ၏ တကိုယ်ရည်သန့်ရှင်းရေးနှင့် ဘူးခွံများသန့်ရှင်းရေး ပြုလုပ်မှုကို အထူးဂရုပြုရန်၊ စားသုံးသူကာကွယ်ရေးဥပဒေအခန်း (၁၀)ပါ “စီးပွားရေးလုပ်ငန်းရှင်၏ တာဝန် များ”ကို လိုက်နာဆောင်ရွက်ရန်တို့ကို အသိပညာပေးဆွေးနွေးခြင်းများ ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။
DOCA(ရန်ကုန်)