Main menu

တောင်ဒဂုံမြို့အတွင်းရှိ စားအုန်းဆီ လက်လီ/လက်ကားရောင်းချနေသော ကုန်စုံဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ ဒဂုံမြို့သစ်ခရိုင်၊ တောင်ဒဂုံမြို့နယ်တာဝန်ခံနှင့် တာဝန်ရှိသူတို့ သည်  ၂၀၂၅ ခုနှစ်၊ ဧပြီလ ၂ ရက်နေ့၊ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် တောင်ဒဂုံမြို့အတွင်းရှိ စားအုန်းဆီ လက်လီ/လက်ကားရောင်းချနေသော ကုန်စုံဆိုင်များသို့  သွားရောက်ကွင်းဆင်း စစ်ဆေးခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရှိ ရပါသည်။

    ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် စားအုန်းဆီခွဲတမ်းများကို သတ်မှတ်စည်းမျဉ်း စည်းကမ်းများနှင့်အညီ စနစ်တကျဖြန့်ဖြူးရောင်းချရန်၊ ခွဲတမ်းရရှိသည့်ဆိုင်များအနေဖြင့် ဈေးနှုန်း ကို အများမြင်သာသောနေရာများတွင် ထင်ရှားသော စာလုံးအရွယ်အစား များဖြင့် Vinyl ချိတ်ဆွဲ ထားရှိရန်၊ စားအုန်းဆီလက်လီ/လက်ကား ရောင်းချလျက်ရှိသော လုပ်ငန်းရှင်များအနေဖြင့် သက်ဆိုင်ရာဌာနများ၏ ထုတ်ပြန်ထားသည့် အမိန့်၊ ညွှန်ကြားချက်များနှင့်အညီ ရောင်းချဖြန့်ဖြူး ကြရန် တို့ကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)