Main menu

တာမွေဈေးအတွင်းရှိ ကုန်စုံဆိုင်များတွင် ကုန်အညွန်းအမှတ်အသားများ စစ်ဆေးခြင်း

Powered by Drupal

    စားသုံးသူ‌ရေးရာဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်စီးမှူးရုံးမှ ဒေါ်မိုးမိုးကြည် (ဌာနခွဲစာရေး) နှင့် ဝန်ထမ်းများသည် မြို့နယ်ဈေးစည်ပင်သာယာရေး အဖွဲ့မှ တာဝန်ရှိသူတို့နှင့် ပူးပေါင်းကာ (၃၁.၃.၂၀၂၅ ) ရက်နေ့၊ နေ့လယ်(၁၂:၀၀) နာရီတွင်  တာမွေမြို့နယ်၊ တာမွေဈေးအတွင်းရှိ ကုန်စုံဆိုင်များကို ကွင်းဆင်းစစ်ဆးမှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

    ထိုသို့စစ်ဆေးရာတွင်  အချိုရည်အမျိုးမျိုး၊ အသင့်စားခေါက်ဆွဲခြောက်ထုတ်အမျိုးမျိုး၊ စားသုံးဆီအမှတ်တံဆိပ်မျိုးစုံ၊ မြေပဲဆီဘူးအမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြ ထားခြင်း ရှိ/ မရှိတို့ကို စစ်ဆေးရာ ကုန်အညွှန်းအမှတ်အသားများပါရှိသည်ကို  စိစစ်တွေ့ရှိခဲ့ပြီး ဆက်လက်၍ တာဝန်ရှိသူများက စားအုန်းဆီ‌နှင့်ပတ်သက်ပြီ ဈေးကစားရန်အလို့ငှာ စားဆီများ     သိုလှောင်ထားခြင်းရှိ / မရှိတို့ကိုစစ်ဆေးခြင်း၊ စည်းကမ်းလိုက်နာမှုမရှိပါက အရေးကြီးကုန်စည် နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း အသိပညာပေးခြင်းများဆောင်ရွက်ခဲ့ပါ သည်။

DOCA(ရန်ကုန်)