
စားသုံးသူရေးရာဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်စီးမှူးရုံးမှ ဒေါ်အေးအေးမော် (ဒုကြီးကြပ်ရေးမှူး) နှင့် ဝန်ထမ်းများသည် မြို့နယ်ဈေးစည်ပင်သာယာရေး အဖွဲ့မှ တာဝန်ရှိသူတို့ နှင့် ပူးပေါင်းကာ (၂.၄.၂၀၂၅ ) ရက်နေ့၊ (၁၁:၀၀)နာရီ အချိန်တွင် ဗိုလ်တထောင်မြို့နယ်၊ ဘိုကလေးဈေးအတွင်းရှိ စားအုန်းဆီ ရောင်းချမှုပြုလုပ် နေသော ဆီကိုယ်စားလှယ်များနှင့်တွေ့ဆုံပြီး စားအုန်းဆီထုတ်ယူမှု/ ခွဲဝေဖြန့်ဖြူးပေးမှု အခြေအနေတို့ကို စစ်ဆးမေးမြန်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။
ထိုသို့စစ်ဆေးရာတွင် ယိုးဒယားငံပြာရည်အမျိုးမျိုး၊ ရေသန့်အမျိုးမျိုး၊ အချိုရည်အမျိုး မျိုး၊ အသင့်စားခေါက်ဆွဲခြောက်ထုတ်အမျိုးမျိုး၊ စားသုံးဆီအမှတ်တံဆိပ်မျိုးစုံ၊ မြေပဲဆီဘူး အမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ်အသားဖော်ပြထားခြင်း ရှိ/မရှိ တို့ကို စစ်ဆေးရာ ကုန်အညွှန်းအမှတ်အသားများပါရှိသည်ကို စိစစ်တွေ့ရှိခဲ့ပြီး ဆက်လက်၍ တာဝန်ရှိသူမျာက စားအုန်းဆီနှင့်ပတ်သက်ပြီ ဈေးကစားရန်အလို့ငှာ စားဆီများသိုလှောင်ထားခြင်းရှိ / မရှိ တို့ကို စစ်ဆေးခြင်း၊ စည်းကမ်း လိုက်နာမှု မရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း အသိပညာပေးခြင်းများဆောင်ရွက်ခဲ့ ပါသည်။
DOCA(ရန်ကုန်)