Main menu

ဖျာပုံမြို့နယ်ရှိ စက်သုံးဆီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

    ဖျာပုံခရိုင်စားသုံးသူရေးရာ ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးထွေးသိမ်းနှင့် ဝန်ထမ်းတို့သည် မီးသတ်ဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့ တို့နှင့် ပူးပေါင်း၍ ၂၀၂၅ ခုနှစ်၊ ဧပြီလ ၄ ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ဖျာပုံမြို့နယ်ရှိ စက်သုံးဆီအရောင်းဆိုင်များသို့ ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

          စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူးဦးထွေးသိမ်းက စက်သုံးဆီအရောင်းဆိုင်ရှိ တာဝန်ခံအား နေ့ရက်အလိုက် စက်သုံးဆီဈေးနှုန်းများကို ဒစ်ဂျစ်တယ်ဆိုင်းဘုတ်ဖြင့် ဖော်ပြ ထားရှိိရမည် ဖြစ်ပြီး ယခုကာလသည် နွေရာသီဖြစ်သဖြင့် မီးဘေးအတွက် ဂရုတစိုက် ပြင်ဆင်ထား ရှိရမည် ဖြစ်ကြောင်း၊ အလေးချိန် အချိန်အတွယ်မှန်ကန်စွာ ရောင်းချနေမှုအခြေအနေ၊ ဆီကန်သိုလှောင် ထားရှိမှုအခြေအနေတို့အား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)