Main menu

ဖျာပုံခရိုင်တွင် စားသုံးဆီ(ဘူးဆီ)များကို ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေး

Powered by Drupal

     ဖျာပုံခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးထွေးသိမ်းနှင့် ဝန်ထမ်းတို့သည် ၂၀၂၅ ခုနှစ်၊ဧပြီလ (၄) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် စားသုံဆီ(ဘူးဆီ)‌ရောင်းချသည့် ဆိုင်များရှိ ဘူးဆီများအား ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။ရောင်းချနေသော ဆိုင်များရှိ ဘူးဆီများတွင် FDA ထောက်ခံချက်၊ ထုတ်လုပ်သည့် ရက်စွဲ၊ သက်တမ်းကုန်ဆုံးသည့် ရက်စွဲ၊ ပါဝင်ပစ္စည်း ဖော်ပြထားရှိမှု  အခြေအနေ၊ ထားသို သိမ်းဆည်းပုံ အညွှန်း၊ အလေးချိန် အချိန်အတွယ်ကို မြန်မာယူနစ်၊ပိဿာ /ကျပ်သား ဖြင့် ဖော်ပြထားမှုအခြေအနေတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ရာ ကိုက်ညီမှု ရှိကြောင်း တွေ့ရှိရသဖြင့် လုပ်ငန်းရှင်များ အနေဖြင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြထား ခြင်းမရှိသော ဘူးဆီများ၊ ရောင်းချခြင်းမပြုကြရန် အသိပညာပေးကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။

DOCA(ဧရာဝတီ)