
ဖျာပုံခရိုင် ၊ ဖျာပုံမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးမင်းဇော်နှင့် ဝန်ထမ်းတို့သည် ၂၀၂၅ ခုနှစ်၊ ဧပြီလ (၄) ရက်နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် စည်ပင်သာယာရေး အဖွဲ့နှင့်ပူးပေါင်း၍ အခြေခံစားကုန်ဈေးနှုန်းများအား ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်တာဝန်ခံ ဦးမင်းဇော်က ဈေးကွက်အတွင်း ရောင်းချနေသော စားကုန်များဖြစ်သော ဆီ၊ငရုတ်၊ကြက်သွန်ဖြူ/နီ၊ အသားငါးဈေးနှုန်းမြှင့်တင် ရောင်းချမှု မရှိစေရေးအတွက် ဆိုင်များအလိုက် ရောင်းချနေသည့်ဈေးနှုန်းများကို စာရင်းကောက်ယူပြီး အသင့်စား ခေါက်ဆွဲခြောက်ထုပ်၊ ကြာဇံထုပ်၊ ငရုတ်သီးမှုန့်ထုပ်၊ ပဲငံပြာရည်ဘူး၊ လက်ဖက်ရည်ထုပ် များကိုပါ ကုန်အညွှန်းအမှတ်အသား များ လိုက်လံစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)