Main menu

နတ်တလင်းခရိုင်အတွင်းရှိ ပဲပွဲရုံများ၊ ပဲကုန်သည်များနှင့်တွေ့ဆုံညှိနှိုင်းမှုများပြုလုပ်

Powered by Drupal

   ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာန ခရိုင်တာဝန်ခံရုံး၌ (၃.၄.၂၀၂၅) ရက်နေ့၊ နံနက် (၁၀:၀၀)နာရီ တွင်နတ်တလင်းခရိုင် အတွင်းရှိ ပဲပွဲရုံများ၊ ပဲကုန်သည်များနှင့် တွေ့ဆုံ၍ ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ခဲ့ပါသည်။

    အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ နတ်တလင်း ခရိုင်တာဝန်ခံ ဦခင်မောင်ထွန်းက  ပဲပွဲရုံများ၊ ပဲကုန်သည်များအား တွေ့ဆုံ၍ ဈေးကွက်အတွင်း မတ်ပဲများ ရောင်းဝယ်ရာတွင် ပဲများအတွင်းခဲများ ရောနှောရောင်းချခြင်းမပြုစေရေး၊ ဈေးနှုန်းမှန်ကန်ရေး ၊ အလေးချိန်မှန်ကန်ရေးနှင့် ပက်သက်၍  ဆွေးနွေးခဲ့ရာ တက်ရောက်လာသူများမှ ပြန်လည် ဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်း သိရပါသည်။

DOCA(ပဲခူး)