Main menu

ကျောက်တံခါးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် “ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့” အကြောင်း အသိပညာပေး Talk Show ဆွေးနွေး

Powered by Drupal

    ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ညောင်လေးပင်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများ၊ ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်လျက်ရှိရာ (၃.၄.၂၀၂၅)ရက်နေ့ နေ့လယ် (၁၂:၃၀)နာရီအချိန်တွင် ကျောက်တံခါးမြို့နယ် တာဝန်ခံရုံးမှ ဒုဦးစီးမှူး ဒေါ်ဇင်မာထွေးသည် ကျောက်တံခါးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေးဦးစီးဌာနရုံးတွင် “ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့”အကြောင်း အသိပညာပေး Talk Show ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

    ဆွေးနွေးရာတွင် ကျောက်တံခါးမြို့နယ်တာဝန်ခံရုံးမှ ဒုဦးစီးမှူး ဒေါ်ဇင်မာထွေးသည် ပြန်ကြားရေးဝန်ကြီးဌာန၊ ကျောက်တံခါးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးတွင် ကျောက်တံခါးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့်အတူ “ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့” ပေါ်ပေါက်လာပုံ၊ စားသုံးသူအခွင့်အရေး အချက် (၈)ချက် အကြောင်း၊ စားသုံးသူကာကွယ်ရေးဉပဒေအရ စားသုံးသူပြည်သူများကို အကာအကွယ်ပေးထားပုံ၊ စီးပွား‌ရေးလုပ်ငန်းရှင်များ၏တာဝန်၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန လက်အောက် တွင်ရှိသော စားသုံးသူရေးရာဦးစီးဌာန၏ တာဝန်နှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ အကြောင်းကို အကျယ်တဝင့် ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)