
စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး၏ ကြီးကြပ်မှုဖြင့် မုံရွာမြို့ရှိ ဆန်/ဆီကုန်သည်များက ငလျင်ဘေးဒဏ်သင့် စစ်ကိုင်းမြို့ရှိ ပြည်သူများသို့ ဆန်၊ ဆီ၊ ကြက်သွန်နီ၊ အသားတု၊ ဟင်းသီးဟင်းရွက်နှင့် ကုန်မျိုးစုံအား သက်သာသောဈေးနှုန်းဖြင့် (၆)ရက်မြောက်နေ့ အဖြစ် ရောင်းချပေးလျက်ရှိပါသည်။
၂၀၂၅ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့မှ ဧပြီလ ၅ ရက်နေ့အထိ ဈေးကား(၂) စီးဖြင့် နံနက်ပိုင်း တွင်(၁)ကြိမ်၊မွန်းလွဲပိုင်းတွင် (၁)ကြိမ် ရောင်းချပေးခဲ့ရာ ယနေ့တွင် ဆန်( ၁၅ )အိတ်၊ ဆီ ( ၁၃၀ ) ပိဿာ ၊ ကြက်သွန်နီ ( ၆၀ ) ပိဿာတို့ကို ရောင်းချပေးခဲ့ပြီး ယနေ့အထိ ဆန်( ၁၅၄ )အိတ်၊ ဆီ( ၂၅၅၇ ) ပိဿာ ၊ ကြက်သွန်နီ(၂၅၃)ပိဿာ၊ ရေသန့် ၁ လီတာဘူး (၂၀၀) ကဒ်တို့ကို ဖြစ်ကြောင်း သိရသည်။
ရောင်းချရာတွင် ငလျင်ဘေးဒဏ်သင့်ပြည်သူများ ရွာထောင်ရပ်ကွက်ရှိ ဒီဇယ်စက်ခေါင်းရုံ၊ ဝန်ထမ်းများအိမ်ယာ(၂) နေရာအား သက်သာသော ဈေးနှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(စစ်ကိုင်း)